Fact Check: ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဆူးလေလမ်းမှာ ရဟတ်ယာဉ်ကျသေဆုံးတဲ့ သတင်းတု 

ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဆူးလေဘုရားလမ်းမှာ ရဟတ်ယာဉ်ကျသေဆုံးမှုဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါ တယ်။ သတင်းတုတခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ် ချက်ဖြစ်တယ်။  “မြို့လယ်ကောင်မှာ အသေဆိုးနဲ့သေပြီ၊ရုပ်သံ ဝဋ်လည်ပြီ ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ Mi-27 ရဟတ်ယာဉ်ပြုတ်ကျလို့ ဆူးလေလမ်းမပေါ်မှာ ပွဲချင်းပြီးသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဆူးလေဘုရားလမ်းမှာ ရဟတ်ယာဉ်ကျသေဆုံးမှု”ဆိုတဲ့ အကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက် မတွေ့ရပါဘူး။ တကယ်တမ်းမှာ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတု ဗွီဒီယိုတွေ ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တာတွေ့ရပါတယ်။ တကယ်တမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်က ပြန်လာတဲ့ စစ်တပ်ရဟတ်ယာဉ် ငဖဲမြို့နယ်ဘက်မှာ […]

Continue Reading

Fact Check: အမ်းမှာ AA က စစ်ကောင်စီရဟတ်ယာဉ်ပစ်ချခဲ့တဲ့ ဗွီဒီယိုလား-မဟုတ်ပါ 

ရခိုင်ပြည်နယ် အမ်းမြို့မှာ ရခိုင်တပ်တော်(AA)က စစ်ရဟတ်ယာဉ်တစီး ပစ်ချမှုဆိုတဲ့ ဗွီဒီယိုဖိုင် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါ တယ်။ AA ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာပဲ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို တိုက်ခိုက်မှုဖြစ်စဉ်မှာ ရဟတ်ယာဉ် တစီးပစ်ချခဲ့တယ်ဆိုပြီးတော့ သတင်းထွက်ပေါ်အပြီးမှာ အခုလို ပျံ့နှံ့လာတာဖြစ်တယ်။   တကယ်တမ်းမှာ ဒီဗွီဒီယိုဟာ ပင်လည်ဘူးမြို့မှာ စစ်ရဟတ်ယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရစဉ်က ဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “ကင်ခံလိုက် ရပီး ၊ ရခိုင်ပြည် အမ်းမြို့ လို့ပြောပါတယ် ကွက်တိပဲ ဘယ်နှစ်ဦးလဲ များမယ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတချို့ကို ဓာတ်ပုံအဖြစ်ပြောင်းလဲပြီး Google […]

Continue Reading