Fact Check: မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ဖွဲ့လုံး မင်းအောင်လှိုင်ကိုပုန်ကန်လိုက်ပြီဆိုတဲ့ သတင်းတု
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ခုလုံးလက်နက်ချပြီး အာဏာပြန်မလွှဲမချင်း ဖျက်သိမ်းကာ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုပုန်ကန်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြားပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧပြီ ၂၄ ရက်မှာပဲ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ရေစကြိုမြို့နယ် ရဲစခန်းကို ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထားဝယ်-ရေးလမ်းပေါ်ရှိ စစ်တပ်စစ်ဆေးရေး ဂိတ်ကို ပစ်ခတ်တိုက်ခိုက်”ဆိုတဲ့ သတင်းကို သတင်းခေါင်းစဉ်လွဲတပ်မျှဝေနေခြင်း ဖြစ်ပါတယ်။ ဧပြီလ ၂၃ ရက်က ရေစကြိုမြို့နယ် မြို့မရဲစခန်းကို ၄၀ မမ ဗုံးသီး […]
Continue Reading