Fact Check: လက်ချောင်း ၃ ချောင်းထောင်တာဟာ အစ္စလာမ်ရဲ့ သင်္ကေတအဖြစ် သတင်းမှားဖြန့်
လက်ချောင်း ၃ ချောင်းထောင်တာဟာ အစ္စာလာမ်ရဲ့ သင်္ကေတဖြစ်တယ်ဆိုတဲ့ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိ တာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်က လက်ချောင်း ၃ ချောင်းထောင်နေပုံ၊ လက် ၃ ချောင်းထောင်နေတဲ့ ထိုင်းဆန္ဒပြလူအုပ်စု စတဲ့ဓာတ်ပုံတွေနဲ့အတူ ဒီလို လက်ချောင်း ၃ ချောင်းထောင်တဲ့ သင်္ကေတဟာ အစ္စလာမ် ဘုရားရဲ့ သားတော်၊ သမီးတော်တွေဖြစ်တယ်လို့ အဓိပ္ပာယ်ရတယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။ သို့သော်လည်း လက်ချောင်း ၃ ချောင်းထောင်တဲ့အဓိပ္ပာယ်ဟာ ဘာသာရေးနဲ့သက်ဆိုင်တဲ့ သင်္ကေတတစ်ခု မဟုတ်ဘဲ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လေးစားမှု၊ နှုတ်ဆက်ခြင်းစတဲ့ အဓိပ္ပာယ်တွေရှိတဲ့ သင်္ကေတတစ်ခုဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အလားတူ ပြောဆိုရေး သားချက်ချက်တွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]
Continue Reading