Fact Check: သွားတိုက်ဆေးဗူးရဲ့ အနားသတ်လေးထောင့်ကွက် အရောင်ဟာ သဘာဝလား၊ ဓာတုဆေးဝါးလားဖော်ပြတယ်ဆိုတာ မဟုတ်ပါ

သွားတိုက်ဆေးဗူးရဲ့ အောက်ဘက်အနားသတ်မှာ လေးထောင့်ကွက်ကလေးက ဒီပစ္စည်းကို သဘာဝအတိုင်း ထုတ်လုပ်သလား၊ ဓာတုပစ္စည်းနဲ့ထုတ်လုပ်သလားဆိုတာပြောပြနိုင်တယ်ဆိုပြီး မျှဝေနေတဲ့ ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ သွားတိုင်ဆေးဗူးရဲ့ အောက်ဖက်နားမှာ လေးထောင့်ကွက်ကလေးရဲ့ အရောင်က အစိမ်းရောင်ဆိုရင် သဘာ၀ ပစ္စည်းနဲ့ ထုတ်လုပ်တာဖြစ်ပြီး  အပြာရောင်ဆိုရင် သဘာ၀နဲ့ ဆေးပါးရောရာ၊ အနီရောင်ဆိုရင် သဘာ၀နဲ့ ဓာတုဆေးရော၊  အနက်ရောင်ဆိုရင် ဓာတုဆေးဝါးသီးသန့်ပဲပါဝင်တယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။ ဒီလိုရေးသားမျှဝေချက်ဟာ မှားယွင်းပြီး ဗူးခွံတွေရဲ့ အနားသတ်က လေထောင့်ကွက်ကလေးဟာ ပစ္စည်းထုတ်ပိုးမှုနဲ့ ပတ်သက်တဲ့ အမှတ်အသားဖြစ်ပြီး အတွင်းထဲက ပစ္စည်းက သဘာဝအတိုင်းထုတ်လုပ်သလား၊ ဓာတုပစ္စည်းနဲ့ ထုတ်လုပ်သလားဆိုတာကို ဖော်ပြခြင်းမဟုတ် Fact Crescendo Myanmar ကတွေ့ ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနာလည်းမှုလွဲမှာစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ မကြာခဏဆိုသလို လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ အလားတူ ပို့စ်ပျံ့နှံ့နေတာတွေ့ရပြီး […]

Continue Reading

Fact Check: လှိုင်သာယာ(အရှေ့ပိုင်း)က မဲစာရွက်တွေမှာ USDP ကိုယ်စားလှယ်လောင်းအမည်စာရင်း တမင်ချန်ခဲ့တယ်လို့ သတင်းမှားဖြန့်

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှာ မဲဆန္ဒနယ်(၂)က မဲစာရွက်တွေမှာ  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကိုယ်စားလှယ်လောင်းကို ရည်ရွယ်ချက်ရှိရှိ မဲစာရွက်တွေမှာ ချန်လှပ်ခဲ့တယ်လို့ ရေးသားပြီး လူမှု ကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(၂) ရဲ့ မဲစာရွက်တစ်ခုရဲ့ ဓာတ်ပုံနဲ့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)နဲ့ အစိုးရရဲ့ ပူးပေါင်းကြံစည်ပြီး USDP ကိုယ်စားလှယ်လောင်းကို မဲစာရွက်တွေမှာ တမင်ချန်လှပ်ခဲ့တယ်လို့ မျှဝေနေတာဖြစ်ပါတယ်။  ဒီလိုရေးသားမျှဝေချက်ဟာ မှားယွင်းနေပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ  လှိုင်သာယာအရှေ့ပိုင်း မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတာ Fact Crescendo Myanmar ကတွေ့ ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနာလည်းမှုလွဲမှာစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ပြည်ခိုင်ဖြိုး လိုဂို မပါသော မဲ လက်မှတ်တွေ ဟာ သန်းချီ ရှိနေပါတယ် တဲ့ UEC နဲ့ အစိုးရ ပူပေါင်း […]

Continue Reading

Fact Check: မြောက်ဉက္ကလာပမှာ ထည့်မရေတွက်ရသေးတဲ့ မဲ ၄၀၀၀၀ ကျော်ဖမ်းမိတယ်လို့ သတင်းမှားဖြန့်

မြောက်ဉက္ကလာပမြို့နယ်မှာ ထည့်သွင်းရေတွက်ရခြင်းမရှိသေးတဲ့ မဲပေါင်း ၄၀၀၀၀ ကျော်ဖမ်းမိတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု လူမှု ကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုပို့စ်မှာ ထည့်သွင်းရေတွက်ရခြင်းမရှိသေးတဲ့ မဲပေါင်း ၄၀၀၀၀ ကျော်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကနေသတင်းရပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာမှာ ရွေးကောက်ပွဲကော်မရှင် ရုံးခန်းထဲမှာ ဖမ်းမိခဲ့တယ်လို့ ပြောကြားထားပါတယ်။ ဗွီဒီယိုထဲမှာ ရဲတွေက မဲစာအိတ်လို့ထင်ရတဲ့ စာအိတ်တွေကို တစ်ခုချင်းဖွင့်နေတာတွေ့ရပြီး နံဘေးမှာ အမျိုးသမီးတစ်ဦးက မဲစာရွက် အိတ်ထဲက ထွက်လာတိုင်း ကန့်ကွက်တယ်ဆိုပြီးတော့ ပြောဆိုသံလည်းကြားရပါတယ်။ ဒီဖြစ်စဉ်ဟာ ဖြစ်ပျက်ခဲ့တာမှန်ပေမဲ့ မဲပေါင်း ၄၀၀၀၀ ကျော်တွေ့ရှိသည်မှာ မဟုတ်ဘဲ ဆန္ဒပြုထားတယ်လို့ မဲစာအိတ်နဲ့ ယူဆရတဲ့ စာရွက် ၁၀ ရွက်တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အတည်ပြုထားတာကို Fact Crescendo Myanmar ကတွေ့ […]

Continue Reading

Fact Check: မဲပေးခွင့်ရှိသူ ၃၇ သန်းပဲရှိပေမဲ့ ပါတီတစ်ခုထဲမဲအရေအတွက်က ၄၅ သန်းကျော်ရနေတာ မဲခိုးတဲ့အထောက်အထားဆိုပြီး မျှဝေနေတဲ့ သတင်းမှား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က မဲပေးခွင့်ရှိသူ ၃၇ သန်းပဲရှိကြောင်း ထုတ်ပြန်ထားတဲ့ ပါတီတစ်ခု ထဲမဲအရေအတွက်က ၄၅ သန်းကျော်ရနေတာ မဲခိုးတဲ့အထောက်အထားဆိုပြီး မျှဝေနေတဲ့ သတင်းမှား လူမှု ကွန်ယက်မှာ မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ NLD ပါတီက မဲအရေအတွက် ၄၅ သန်းကျော်ရရှိထားပြီး USDP က မဲ ၅ သိန်း ၉ သောင်းကျော်ရရှိတယ်ဆိုတဲ့ screenshot ဓာတ်ပုံတစ်ခုနဲ့အတူ မဲပေးခွင့်ရှိသူပေါင်းက ၃၇ သန်းကျော်သာရှိပေမဲ့ မဲအရေအတွက် ၄၅ သန်းကျော်ရရှိတာဟာ မဲခိုးလိုသာဖြစ်တယ်ဆိုပြီးရေးသားမျှဝေနေတာဖြစ်ပါတယ်။ အခုလို မျှဝေပြောဆိုချက်ဟာ အမှန်ကန်တဲ့အချက်အလက်ဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိပါတယ်။ ဒီ screenshot မှာပါတဲ့ မဲရလာဒ်ဟာလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာထားတဲ့ မဲအရေအတွက် ရလာဒ်လည်းမဟုတ်ပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှာစေနိုင်တဲ့အရေးအသားနဲ့အတူ […]

Continue Reading

Fact Check: USDP ပါတီကို ကွန်ပျူတာလုပ်ငန်းရှင်အသင်း ပြင်းထန်စွာ ကန့်ကွက်ဆိုတဲ့ ရုံစာအတု

“ပြင်းထန်စွာ ရှုတ်ချခြင်း”လို့ ခေါင်းစဉ်တပ်ထားပြီး မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ကန့်ကွက်တယ်ဆိုတဲ့ ရုံးစာအတု လူမှု ကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ USDP(ရန်ကုန်ရုံး)က ရွေးကောက်ပွဲရလာဒ်နဲ့ပတ်သက်ပြီးသတင်းစာ ရှင်းလင်းစဉ် မှာ မဲရုံမှူးအဖြစ်ဆောင်ရွက်တဲ့ဆရာ၊ဆရာမတွေကိုလည်းစွပ်စွဲ ပြစ်တင်ခဲ့တဲ့ စာကြောင်းဟာ ကွန်ပျူတာတာဝန်ခံ ရဲ့အမှားကြောင့်လို့ ထုတ်ပြန်အပြီးမှာ ဒီအမှားဟာ ကွန်ပျူတာစာစီစာရိုက်သူများသမိုင်းမှာ မရှိတဲ့သမိုင်းဖြစ်တဲ့အတွက် အပြင်အထန်ရှုတ်ချတယ်လို့  ကွန်ပျူတာအသင်းက ထုတ်ပြန်တယ်ဆိုပြီးတော့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။ အခုလို မျှဝေပြောဆိုချက်ဟာ အသင်းနှင့်သက်ဆိုင်ခြင်းမရှိဘဲ ရုံးစာအတုဖြစ်တယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) ကပြန်လည်ထုတ်ပြန်ရှင်းလင်းခဲ့ပါတယ်။   လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  […]

Continue Reading

Fact Check: မုဒုံမြို့နယ်မှာ မဲခိုးတာမိလို့ အနိုင်ရ ၅ နေရာပယ်ဖျက်လို့ သတင်းမှားဖြန့်

မုဒုံမြို့နယ်မှာ NLD ပါတီဟာ အနိုင်ရခဲ့ပေမဲ့ မဲခိုးခဲ့တာပေါ်ပေါက်တဲ့အတွက် အနိုင်ရ ၅ နေရာစလုံးကို ပယ်ဖျက်လိုက်တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ “မွန်ပြည်နယ် မုဒုံမြို့နယ်တွင် NLD ပါတီနဲ့ ကော်မရှင်ပေါင်း၍ မဲခိုးမှု ၄၀၀၀၀ ကျော်တွေ့ရှိ၍ NLD အနိုင်ရမှု ၅ နေရာပယ်ဖျက်လိုက်ပါတယ်”လို့ရေးသားပြီးMyanmar American News ဆိုတဲ့စာမျက်နှာကနေတင်ခဲ့တဲ့ပို့စ်ကို ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။ ဒီပို့စ်ကို နိုဝင်ဘာ ၁၀ ရက်က စတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး Myanmar American News စာမျက်နှာဟာ လက်ရှိအချိန်မှာတော့ ဖေ့စ်ဘွတ်မှာမတွေ့ရ တော့ပါဘူး။ အခုလို ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါသတင်းမျိုး တရားဝင်သတင်းဌာနတွေမှာဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။ မုဒုံမှာ နေရာအများစု အနိုင်ရခဲ့တဲ့ မွန်ညီညွတ်ရေးပါတီ(MUP)က ဒီဖြစ်စဉ်မျိုးမရှိခဲ့ပဲ ဒီသတင်းဟာ အခြေအမြစ် မရှိဘူးလို့ Fact Crescendo Myanmar […]

Continue Reading

Fact Check: နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့တယ်လို့ သတင်းမှားသတင်းတုဖြန့်

UEC ၏ ရွေးကောက်ပွဲမှာ အာဏာရ NLD အစိုးရကို အနိုင်ရစေရန် ရည်ရွက်ချက်ဖြင့် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းလိုက်တယ်ဆိုပြီးတော့ မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ “ရွေးကောက်ပွဲ နောက်ဆက်တွဲ အရေးပေါ်သတင်းထူး”လို့ ရေးသားပြီး UEC ဟာ လက်ရှိ NLD အစိုးရအား အနိုင်ရှိစေရန် ရည်ရွက်ချက်ဖြင့် လုပ်ဆောင်ခဲ့အတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ တပ်မတော်(စရဖ)၊ CID ၊ တပ်မတော် သတင်းထောက် အရပ်ဘက်သတင်းထောက် နဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများစုဖွဲ့ထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြထားပြီး “ပုံ /နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေးကော်မရှင်”လို့ ရေးသားထားပါတယ်။ အခုလို ပျံ့နှံ့လျက်ရှိတဲ့ပို့စ်နဲ့ပတ်သက်ပြီး သတင်းဌာနတွေဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။ နိုင်ငံတော် သမ္မတရုံး၊ရွေးကောက်ပွဲကော်မရှင်စတဲ့ အဖွဲ့အစည်းတွေမှာလည်း တရားဝင်သတင်းထုတ်ပြန်ချက် မတွေ့ရှိရပါဘူး။ ဒီလိုအဖွဲ့ဖွဲ့တယ်ဆိုတာ […]

Continue Reading

Fact Check: ပဲခူးမှာ ဝန်ကြီးချုပ် မဲပေးမယ့်သူတွေကို ကျပ် ၅၀၀၀ တန်တွေပေးခဲ့သလား

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအမှတ်တံဆိပ်တွေ ဝတ်ဆင်ထားသူ အများစုပါဝင်တဲ့ လူအုပ်စုကို ပိုက်ဆံပေးနေတဲ့ဗွီဒီယိုနဲ့ ဓာတ်ပုံတွေနဲ့အတူ မဲပေးမယ့်သူတွေကို ကျပ် ၅၀၀၀ တန်တွေပေးပြီး မဲဆွယ်နေတယ်လို့ ရေးသားပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ အခုလို ပျံ့နှံ့လျက်ရှိတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး လက်ရှိပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ ပါတီတာဝန်ရှိသူတွေက ငြင်းဆိုထားတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ အလားတူရေးသား မျှဝေချက်နဲ့ ဗွီဒီယိုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့်  – Fb link  |  Archive link အချက်အလက်စိစစ်ချက် ပေးခဲ့တဲ့ပိုက်ဆံဟာ ဗိုလ်ချုပ်ပုံပါ အသစ်ထွက် ကျပ် ၅၀၀ တန်တွေဖြစ်ပြီး အမှတ်တရအနေနဲ့ […]

Continue Reading

Fact Check: မြင်းခြုံမြို့နယ် နောက်ဆုံးရရှိထားသော မဲစာရင်းဆိုပြီး ဖြန့်ဝေနေတဲ့ အချက်အလက်ဟာ ၂၀၂၀ ရွေးကောက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိပါ

မြင်းခြုံမြို့နယ် နောက်ဆုံးရရှိထားသော မဲစာရင်းဆိုပြီး NLD က ၁၈၆၁၆ နဲ့ ၈၀ ဒသမ ၃၈ ရာခိုင်နှုန်းရခဲ့တယ် ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခု လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ  “မြင်းခြံမြို့နယ် နောက်ဆုံးရရှိထားသောမဲစာရင်း”လို့ ရေးသားထားပြီး ဓာတ်ပုံစာသားထဲမှာ “NLD  =  18618   80.38%  USDP  = 3389   14.63%  DPNS   =   915  3.95   WP   =   241  1.04%”လို့ရေးသားထားပါတယ်။ ရွေးကောက်ပွဲကျင်းပပြီးစီးချိန် နိုဝင်ဘာ ၈ ရက်ည ၈ နာရီဝန်းကျင်မှာ ဒီဓာတ်ပုံပို့စ်ဟာ ““မြင်းခြံမြို့နယ် နောက်ဆုံးရရှိထားသောမဲစာရင်း”လို့ရေးသားပြီး ဖြန့်ဝေနေကြတာဖြစ်ပါတယ်။ သို့သော်လည်း […]

Continue Reading

Fact Check: ပဲခူးမှာ NLD ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်ကို နိုဝင်ဘာ ၇ ရက်အထိ မဖြုတ်ဘူးလို့ သတင်းမှားဖြန့်

ရွေးကောက်ပွဲကော်မရှင်က  နိုဝင်ဘာ ၆ ရက်နေ့ ည ၁၂နာရီ နောက်ဆုံးထားပြီး ဖြုတ်ရမယ်လို့ အမိန့်ထုတ်ထား ပေမဲ့ ပဲခူးမြို့မှာ  ၇ ရက် နေ့  ည နေ ၆နာရီအထိ အမျိုးသားဒီမိုကရ စီအဖွဲ့ချုပ်ပါတီ (NLD)ကရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်းဘုတ် မဖြုတ်ခဲ့ဘူးလို့  ရေးသားပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “ရွေးကော်က ၆ ရက်နေ့ ည ၁၂နာရီ နောက်ဆုံးထားပြီး ဖြုတ်ရမယ် လို့ အမိန့်ထုတ်ထား တယ်။ မလိုက်နာတဲ့ပါတီ ကို ကြည့် လိုက်။ ၇ ရက် နေ့  ည နေ ၆နာရီအထိ  nld မဖြုတ်သေးပါ။ ပဲခူး မြို့”(မူရင်းရေးသားချက်အတိုင်း)လို့ရေးသားပြီး ဒေါ်အောင်အောင်ဆန်းစုကြည်ပုံပါဝင်တဲ့ ဓာတ်ပုံ ၂ ပုံနဲ့အတူ […]

Continue Reading