Fact Check: ဝက်လက်စခန်းသိမ်းတိုက်ပွဲ စစ်သား ၁၀၀ သေဆုံးပြီး ၂၀ ဦးဖမ်းမိဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်မှား

ဝက်လက်မြို့နယ် ရွှေပန်းကုန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ဝင်သိမ်းခဲ့ရာမှာ စစ်သား ၁၀၀ သေဆုံးပြီး ၂၀ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်မှားဖြစ်တယ်။  အလားတူရေးသား မျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Burma Television”ယူကျူ့ချန်နယ်နဲ့ “News-for-today” ဖေ့စ်ဘွတ်စာမျက်နှာ ကိုလေ့လာကြည့်မယ်ဆိုရင် ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ဖြန့် ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါသတင်းဟာ ရန်ကုန်ခေတ်သစ်မီဒီယာက နိုဝင်ဘာ ၂၁ ရက်ကဖော်ပြခဲ့တဲ့ “ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းကို တိုက်ခိုက် […]

Continue Reading

Fact Check: ဝက်လက်မှာ ကုန်စိမ်းဈေးသည် ၇ ဦးကို PDF သတ်ဖြတ်တဲ့ သတင်းမှား

ဝက်လက်မှာ ကုန်စိမ်းဈေးသည် ၇ ဦးကို PDF ကသတ်ဖြတ်ခဲ့တယ်လို့ဆိုတဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြားဖြန့်ဝေနေတာတွေ့ရပါတယ်။   အောက်ပါစာသားကတော့ ဖြန့်ဝေနေတဲ့ စခရင်ရှော့ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ လွပ်လတ်တဲ့  မီဒီယာတွေမှာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်  သမရိုးကျေးရွာကနေ ရွှေပန်းကုန်းကျေးရွာဘက် ဟင်းသီးဟင်းရွက်ရောင်းဖို့ထွက်လာတဲ့ ထော်လာဂျီ ကားပေါ်က ကုန်စိမ်းစျေးသည် ၇ ဦးကို မြန်မာစစ်တပ်က ပစ်သတ်သွားတယ်လို့ ဖော်ပြကြပါတယ်။ ဘီဘီစီ မြန်မာပိုင်း၊ ရန်ကုန်ခေတ်သစ် သတင်းဌာန၊ မဇ္ဈိမသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်ကို  ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။  အောက်ပါ စခရင်ရှော့ကတော့ ဘီဘီစီ မြန်မာပိုင်းကဖော်ပြခဲ့ […]

Continue Reading

Fact Check: ရွာသူရွာသားတွေကို PDF ကကြိမ်နဲ့ရိုက်တဲ့ဗွီဒီယိုနဲ့ပတ်သက်ပြီး သတင်းအမှားများပျံ့နှံ့

အမျိုးသား၊အမျိုးသမီး အသက်ကြီးငယ်မရွေးကို အမျိုးသားတစ်ဦးက ကြိမ်တုတ်နဲ့ အားကုန်လက်လွဲရိုက်နေ တဲ့ဗွီဒီယိုဟာ အကြောင်းအရာအမျိုးမျိုးနဲ့ရေးသားဖြန့်ဝေမှုတွေနဲ့အတူ ပျံ့နှံမှုအားကောင်းနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူတွေကိုနားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ ပြောဆိုချက် ၁ ဝက်လက်မြို့နယ်မှာ ရှေးဟောင်းပစ္စည်းရှာဖွေဖို့လာရောက်တဲ့သူတွေကို PDF ရိုက်နှက်ပြန်လွှတ်နေတဲ့ ရုပ်သံဖိုင်ဆိုတဲ့ ပြောဆိုချက်ဖြစ်ပါတယ်။ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ပြောဆိုချက် ၂ တပ်ထောက်ခံပွဲမှ ပြန်လာတဲ့သူတွေကို နယ်မြေခံPDFတွေက အပြစ်ပေးဆုံးမနေတဲ့ ရုပ်သံဖိုင်ဆိုတဲ့ ပြောဆိုချက်ပဲ ဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် တကယ်တော့ ဒီဗွီဒီယိုဟာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာကဖြစ်စဉ်ဖြစ်ပါတယ်။ စစ်တပ်က မီးရှို့လို့ ပျက်စီးသွားတဲ့ရွာတွေမှာ မီးလောင်ပြင်က ကျန်တဲ့အတိုအစတွေကိုဝယ်ဖို့ […]

Continue Reading