Fact Check: တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့်မင်းအောင်လှိုင် ထုတ်ပြန်ကြေညာတဲ့ သတင်းတု

တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထုတ်ပြန်ကြေညာ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေလျက်ရှိပြီး ပျံ့နှံ့အားကောင်းနေပါတယ်။ သတင်းမှား သာဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၁)ရက်နေ့ အရေးပေါ်သတင်း တနိုင်ငံလုံးစစ်မှုမထမ်းမနေရအမိန့် မင်းအောင်လှိုင်ထုတ်ပြန်ကြေညာ ”စသည် ဖြင့်ရေးသားထားတဲ့ပို့စ်ကို “Share Local Media” အမည်နဲ့ ယူကျု့ချန်နယ်မှာ ဇွန် ၂၁ ရက်က ဖြန့်ဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၇၅၀၀၀ ရှိပါတယ်။ အလားတူစွာ ဆယ်တန်းအောင်တဲ့သူတွေကို စစ်မှုထမ်းဖို့ အမိန့်ထုတ်တယ်ဆိုပြီးတော့လည်း ဒီချန်နယ်က ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းခေါင်းစဉ်မှာ တပ်ထားသလို တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့်  မင်းအောင်လှိုင်ကြေညာဆိုတဲ့ […]

Continue Reading

Fact Check: ဦးနှောက်နဲ့ ချိတ်ဆက်အသုံးပြုရမယ် Tesla Phone ဆိုတဲ့သတင်းမှား

စမတ်ဖုန်း တဖက် မိုက်ခရိုဖုန်းကတဖက်ကိုင်ထားတဲ့ တက်စလာ(Tesla)ကုမ္ပဏီပိုင်ရှင် အီလွန်မက်(Elon Musk) ဓာတ်ပုံနဲ့အတူ လူသားရဲ့ ဦးနှောက်ကနေ တိုက်ရိုက်အမိန့်ပေးခိုင်းစေလို့ရတဲ့ Tesla အမှတ်တံဆိပ် စမတ်ဖုန်းကို ထုတ်လုပ်ဖြန့် ချိလိုက်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ “Strar Link ဂြိုလ်တုကို တီထွင်သူ Tesla Company ပိုင်ရှင် Elon Musk က Pi Phone ခေါ် Tesla Phone ကို ဖန္တီးထုတ်လုပ်လိုက်ပါတယ် ။ Tesla Phone ဟာ ယနေ့ ကမ္ဘာပေါ်မှာ နံပါတ်တစ် လူကြိုက်များနေတဲ့ I Phone 13 […]

Continue Reading

Fact Check: ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံးမှု သတင်းတု

ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံးခဲ့တယ်ဆိုတဲ့ ယူကျူ့ဗွီဒီယိုတစ်ခု News In Burmese အမည်နဲ့ ယူကျူ့ချန်နယ်က ဇွန် ၂၁ ရက်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ “News In Burmese”အမည်နဲ့ ယူကျူ့ချန်နယ်မှာ မျှဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “21 June 2023, ရွှေတီဂုံစေတီ RPGနဲ့ထုခံရလို့ ပွဲဆူကုန်ပြီ။” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဖြန့်ဝေနေတဲ့ News in Burmese ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ‌ခေါင်းစဉ်တု ခေါင်းစဉ်မှားတပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိပါတယ်။ Fact Crescendo Myanmar အနေနဲ့ ဒီယူကျူ့ချန်နယ်က ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတွေကို […]

Continue Reading

Fact Check: ‌ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်ဆိုပြီး သတင်းတုဖြန့်

‌ ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတု ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့ အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့တော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ ဓာတ်ပုံဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “နေပြည်တော် အချုပ်ထောင်ထဲမှာကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈)နှစ်ပြည့်မွေးနေ့ပွဲ မြင်ကွင်းများ” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်း စုကြည်ရဲ့ မွေးနေ့လှုပ်ရှားမှု အဖြစ် သပိတ်အင်အားစုတွေက ပန်းပန်လေ့ရှိတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုံရိပ်တစ်ခုကို ထုတ်နှုတ်ပြီး တစ်နိုင်လုံးအတိုင်းအတာနဲ့ ပန်းသပိတ်ဆင်နွှဲကျဖို့ လှုံဆော်ခဲ့ရာမှာ ဇူလိုင် ၁၉ ရက်က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းသည်တွေကို အတင်းအကျပ် အရောင်း ပိတ်ခိုင်းတာ၊ ပန်းပန်တဲ့သူတွေကို […]

Continue Reading

Fact Check: နေပြည်တော်လေယာဉ်ပျက်ကျမှုမှာ ဒု-တပ်ချုပ်စိုးဝင်းသေဆုံးမှုသတင်းတု

ကြာသပတေးနေ့က နေပြည်တော်အနီး လေယာဉ်ပျက်ကျရာမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပါသွားတယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ကို အောက်ပါစခရင်ရှော့မှာတွေ့နိုင်ပါတယ်။ “15 June 2023, နေပြည်တော်လေယဥ်ပျက်ကျမှု တပ်ချုပ် စိုးဝင်းပါ။”လို့ “News In Burmese”အမည်နဲ့ ယူကျူ့အကောင့်က ရေးသားမျှဝေထားရာမှာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၂ သောင်း ၆ ထောင်ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၂ မိနစ်ကျော်ရှည်လျားတဲ့ ဒီ“News In Burmese”ယူကျူ့ဗွီဒီယိုထဲမှာပါတဲ့ လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ရဟတ်ယာဉ် နေပြည်တော် လယ်ဝေးမှာ ပျက်ကျပြီး ၂ ဦးသေဆုံး”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။  […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့် ထောင်အတွင်း သေဆုံးမှု သတင်းတု

သမ္မတဦးဝင်းမြင့် ထောင်အတွင်း သေဆုံးသွားပြီ၊ သမ္မတဦးဝင်းမြင့်အလောင်းပြန်မရစတဲ့ ယူကျူ့ဗွီဒီယိုပို့စ်တွေ အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဇွန် ၁၄ ရက်က မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ News In Burmese အမည်နဲ့ယူကျူ့ချန်နယ်က ဗွီဒီယိုဖြစ်ပါတယ်။ ထို့အပြင် နောက်ထပ် နာရီအနည်းငယ်အကြာမှာပဲ သမ္မတ ဦးဝင်းမြင့်ဓာတ်ပုံနဲ့အတူ “သေပြီတဲ့ စစ်သားတွေမို့လုပ်ရက်တယ် အလောင်းပြန်မပေး”စသည်ဖြင့် ရေးသားပြီး ဒီယူကျူ့ချန်နယ်က ထပ်မံ ဖြန့်ဝေထားတာတွေ့ရပါတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဘီဘီစီမြန်မာပိုင်းကဖော်ပြခဲ့တဲ့ “သမ္မတ ဦးဝင်းမြင့် ကျန်းမာရေး မကောင်းဖြစ်နေ”ဆိုတဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြနေခြင်းဖြစ်ပြီး လူစိတ်ဝင်စားမှုရဖို့အတွက် သမ္မတ ဦးဝင်းမြင့်သေဆုံးမှုအဖြစ် သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ တောင်ငူထောင်မှာ အကျဉ်းချခံထား […]

Continue Reading

Fact Check: ဦးခင်ရီ ပစ်သတ်ခံရပြီး သေဆုံးတဲ့ သတင်းတု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီ ပစ်သတ်ခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့ မှာဖြန့်ဝေ ထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ အလား တူရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့ပြီး ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတဲ့ ယူကျူ့ချန်နယ်တစ်ခုက ဖြန့်ဝေထားခြင်းဖြစ်ပါတယ်။ အခုလည်း ဦးခင်ရီ ပစ်သတ်ခံရလို့ ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ဒီလို ဦးခင်ရီ အသတ်ခံရတဲ့ အကြောင်းမပါဝင်ပါဘူး။  တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လာမည့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေနဲ့ ပြတ်ပြတ် သားသား အနိုင်ရအောင်လုပ်မယ်လို့ ပါတီဥက္ကဋ္ဌဦးခင်ရီကပြောကြောင်း သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ‌အမေရိကန်ဆီက ထောက်ပံကြေး ဒေါ်လာ ၂ ဘီလီယံ NUG ရရှိတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေး အစိုးရ(NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဆာဆာ ဟာ အမေရိကန်နဲ့ သဘောတူညီချက်ရပြီး အမေရိကန်ဆီက ထောက်ပံကြေး ဒေါ်လာ ၂ ဘီလီယံ NUG ရတယ်ဆိုတဲ့ ပို့စ် အွန်လိုင်းအသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့  Khit Thit Channel အမည်နဲ့ ယူကျူ့အကောင့်ကနေ ဇွန် ၃ ရက်က မျှဝေထားတာကို စခရင်ရှော့ ရိုက်ထားခြင်းဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ NUG က ဝန်ကြီး ‌ဒေါက်တာ ဆာဆာနဲ့ အမေရိကန်အစိုးရတို့ တွေ့ဆုံမှု သို့မဟုတ် သဘောတူညီချက်အကြောင်း သတင်းဖော်ပြချက်မျိုး မရှိပါဘူး။ […]

Continue Reading

Fact Check: မှတ်ချက်မပါသော ငွေလွှဲများအတွက် KPay အကောင့် ပိတ်ခံရမယ်ဆိုတဲ့ သတင်းမှား

ငွေလွှဲရာမှာ မှတ်ချက်မပါသော အွန်လိုင်းငွေလွှဲပြောင်းမှုတွေကို ကမ္ဘောဇဘဏ်(KBZ)က ပိတ်ပင်တော့မယ်ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတာဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ဟာ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဘဏ်တစ်ခုဖြစ်ပြီး KBZ Pay ဟာလည်း စမတ် ဖုန်းကတစ်ဆင့် ငွေပေးချေးမှုများအတွက် နာမည်ကြီးပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တစ်ခုကို စခရင်ရှော့ရိုက်ထားခြင်းဖြစ်တယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link  | Archive link Kbz pay အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မေ ၂၇ ရက်ကစပြီး ဒီအကြောင်းအရာကို ဆက်တိုက်ဆိုသလို ရေးသားမျှဝေနေတာတွေ့ရပါတယ်။ မေ ၂၇ ရက် ညနေ ၆ နာရီမှာ ယနေ့ညနေကစပီး “kbzpay ( Note update ) […]

Continue Reading

Fact Check: လိင်ဆံဆက်ခြင်းကို အားကစားတစ်ခုအဖြစ် ဆွီဒင်က တရားဝင်လက်ခံ သလား-မဟုတ်ပါ

ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံခြင်းကို အားကစားအဖြစ် တရားဝင်သတ်မှတ်ပေးလိုက်ပြီဖြစ်ပြီး European Sex Championship ပြိုင်ပွဲကို ဇွန် ၈ ရက်နေ့မှာ ကျင်းပပေးသွားတော့မှာဖြစ်တယ်လို့ဆိုပြီး ဖြန့်ဝေမှုတွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားကတော့ ဇွန် ၅ ရက်ကစတင်ပျံ့နှံ့လာတဲ့  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသား ကောက်နုတ် ချက်ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံမှုကို အားကစားတစ်ခုအဖြစ် တရားဝင်အတည်ပြုလိုက်ကြောင်းနဲ့ လိင်ဆက်ဆံခြင်းကို အားကစားတစ်ခုအနေနဲ့ ကြေညာတဲ့ ကမ္ဘာ့ပထမဆုံးသော နိုင်ငံဖြစ်လာကြောင်းနဲ့ လိင်ဆက်ဆံပြိုင်ပွဲတွေကို ဇွန် ၈ ရက်မှာ  ပြုလုပ်သွားဖို့ရှိကြောင်းနဲ့ ဥရောပနိုင်ငံပေါင်း ၂၀ က ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားပြီး ဖြစ်ကြောင်းရေးသားထားပါတယ်။   မူရင်းလင်ခ့် – Fb link  | Archive link အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း […]

Continue Reading