Fact Check: စစ်တပ်က ဖွဲ့စည်းမယ့် အစိုးရအဖွဲ့အသစ်မှာ  သမ္မတ ဦးဝင်းမြင့် ပါဝင်ဆိုတဲ့ သတင်းတု

စစ်တပ်က ဖွဲ့စည်းမယ့် အစိုးရအဖွဲ့အသစ်မှာ  သမ္မတ ဦးဝင်းမြင့် ပါဝင်လာတယ်၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိနေခြင်း သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်မှာပါဝင်လာတယ်ဆိုတဲ့ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာကြည့်ပါ။  “အစိုးရအသစ်ကြေညာ  သမ္မတကြီး ဦးဝင့်မြင့် ပါဝင်လာပြီ  ပြည်ထောင်စု အတိုင်ပင်ခံရာထူးပေးရန် မင်းအောင်လှိုင်ပြော  စုပေါင်းအစိုးရ အမျိုးသား ညီညွတ်ရေးအစိုးရဟု မအလ ပြောပြီ ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ “thumbnail”ဓာတ်ပုံရုပ်ကတ်ထဲမှာ အကျဉ်းချခံထားရတဲ့ သမ္မတဦးဝင်းမြင့် အစိုးရသစ်မှာ ပြန်လာပြီလို့ ဆိုထားပေမဲ့ ဒီအကြောင်းအရာကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ကို သမ္မတမလုပ်ဖို့  ဦးသိန်းစိန်ပြောတဲ့ သတင်းတု

နိုင်ငံတကာတရားရုံး(ICJ)မှာ တရားစွဲဆိုခံနေရတာကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတလုပ်မရဘူးလို့ ဦးသိန်းစိန်က ပြောလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခု ဖြန့်ဝေနေတာဟာ သတင်းတုတခုသာဖြစ်တာတွေ့ရတယ်။  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှူမှုပေါင်း တသိန်း ဝန်းကျင်ရရှိထားတယ်။ “မင်းအောင်လှိုင် သမ္မတလုပ်မရဟု သိန်းစိန်ပြော  ICJ ရဲ့ စွဲချက်ကြောင့် စစ်ခေါင်းဆောင် သမ္မတ လုပ်မရဘူးလို့  သိန်းစိန်ကန့်ကွက် ၊ ချက်ချင်းဖမ်းဆိုင်းလို့ ပွဲဆူနေပြီ” (မူလအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုရဲ့ အစမှာ ပြသထားတဲ့ ရုပ်ကတ်ထဲမှာ ICJ မှာ တရားစွဲဆိုခံနေရတာကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ သမ္မတလုပ်မရဘူးလို့ သမ္မတဟောင်း […]

Continue Reading

Fact Check: ရွေး‌ကောက်ပွဲလက်မခံလို့ ဦးသိန်းစိန်ကို စစ်တပ်က ဖမ်းတယ်ဆိုတဲ့ သတင်းတု 

စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံဘူးပြောလို့ သမ္မတဟောင်းဦးသိန်းစိန်ကို  စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအား‌ကောင်းလျက်ရှိတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဦးသိန်းစိန် ဖမ်းခံရမှုကြီး  ကုလသမဂ္ဂ အသိအမှတ်မပြုပဲ နဲ့ ရွေးကောက်ပွဲ  မလုပ်သင့်ပြောတဲ့ ဦးသိန်းစိန်ကို မအလ ဝင်ဖမ်းပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံပြောဆိုချက်တွေနဲ့ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလိုပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: ဗန်းမောက်မြို့ကို တန်ပြန်ထိုးစစ်ဆင်ပြီး NUG သမ္မတကို မြန်မာစစ်တပ် ဖမ်းဆီးဆိုတဲ့ သတင်းတု 

PDF တွေ သိမ်းယူလိုက်တဲ့ ဗန်းမောက်မြို့ကို မြန်မာစစ်တပ်က ပြန်လည်သိမ်းယူလိုက်ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG) သမ္မတကိုလည်း ဖမ်းဆီးလိုက်တယ်ဆိုပြီး ယူကျူ့ချန်နယ်တခုက ဗွီဒီယိုကို ဖြန့်ဝေထားပြီး ဒီပြောဆိုချက်ဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ လက်ရှိအချိန်အထိ စစ်တပ်က ဗန်းမောက်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးသလို NUG သမ္မတ ဖမ်းဆီးခံရတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဗန်းမောက်မြို့ တန်ပြန်ထိုးစစ်မှာပဲ  NUG ယာယီသမ္မတကို အရှင်ဖမ်းမိထားဟု မင်းအောင်လှိုင်ကြေညာလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ချိထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို  ပုံဖျက်ပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ၊ မကြာခဏဆိုသလို လုံးဝလုပ်ကြံရေးသား ပြောဆိုချက်တွေကိုလည်း […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတဲ့  သတင်းတု

သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရှိထားတယ်။  “ည ၇နာရီ ကျော် လွှတ်‌ပေးနေပြီ သမ္မတ ဦးဝင်းမြင့် နေအိမ်ပြန်ပို့ပြီ အမေစု သတင်းထူးပါလာပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khithit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ ဗွီဒီယိုအစမှာ ပြသတဲ့ရုပ်ကပ်မှာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်မြင့်အပါအဝင် အကျဉ်းသား ၈၀၀၀ လွတ်လာတဲ့သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်မြင့်အပါအဝင် အကျဉ်းသား ၈၀၀၀ လွတ်လာပြီလို့ဆိုကာ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အကျဉ်းသား ၈၀၀၀ ခန့်လွတ်လာပြီ အမေစုနဲ့ သမ္မတ ကြီး သတင်းအထူးရှယ် နိုင်ငံတော်အဆင့် သတ်မှတ်ကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုထဲမှာ ပြန်လည်ဖော်ပြနေတဲ့အကြောင်းအရာဟာ […]

Continue Reading

Fact Check: ခရစ္စမတ်ကျင်းပနေတုန်း NUG သမ္မတ အဖမ်းခံရတဲ့ သတင်းတု

ခရစ္စမတ်ပွဲကျင်းပနေတုန်း NUG သမ္မတ ဒူးဝါးလရှီလ အဖမ်းခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုယူကျူ့ချန်နယ် တခုက ဖြန့်ဝေနေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဒီဇင်ဘာ ၂၅ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသား ကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “25/12/2024 Christmas ပွဲကျင်းပနေတုန်း NUGယာယီသမ္မတကြီးအဖမ်းခံရ အရေးပေါ်ဖဖြန့်ပေးကြပါဗျို့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။(ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။) အခုလည်း ဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check: တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးတဲ့ သတင်းတု

တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားတာသတင်းတု တခုသာဖြစ်တယ်။  “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “တောင်ငူအကျည်းထောင်မှာ ပွဲဆူပြီ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်လို့တဲ့  ပြည်သူတွေအလောင်းပြန်တောင်းတာမရဘူး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ သတင်း ခေါင်းစဉ်တုတွေ တပ်ပြီး ဆက်တိုက်ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေရတဲ့ အကြောင်းအရာတွေဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြနေခြင်းဖြစ်တာတွေ့ရတယ်။ Also Read […]

Continue Reading

Fact Check: NUG က မန္တလေးကို သိမ်းပိုက်ပြီဆိုတဲ့ သတင်းတု

မန္တလေးမြို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)သိမ်းပိုက်လိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်း နေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့နိုင်တယ်။  Also Read – Fact Check: မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့အဖမ်းခံရဆိုတဲ့ သတင်းတု “မန္တလေးမြို့ကို NUG သမ္မတ ဝင်ရောက် စစ်ကောင်စီတပ်တွေ အကုန်ထွက်ပြေး စစ်ဗိုလ်ချုပ်တွေ အိမ် ချိတ်ပိတ် ကာကွယ်ရေးဝန်ကြီး ကိုယ်တိုင်ဦးစီး ပြီး တိုက်နေပြီ” မူရင်းလင်ခ့် – Youtube link | […]

Continue Reading

Fact Check: မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့အဖမ်းခံရဆိုတဲ့ သတင်းတု

မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့ကို အရှင်ဖမ်းဆီးရမိကြောင်း စစ်ကောင်စီကြေညာတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတုသတင်းမှားတခုဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပိုစခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့  “မိုးကုတ်မြို့အနီး NUG သမ္မတနဲ့အဖွဲ့ကို အရှင်ဖမ်းဆီးရမိကြောင်း စစ်ကောင်စီကြေညာ ငိုချင်တယ်၊ NUG သမ္မတ သနားပါတယ်ဟာ ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ NUG ခေါင်းဆောင်တွေထဲက တယောက်ယောက်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရတယ်ဆိုတဲ့ ဒီသတင်းဖော်ပြချက်မရှိပါ။ စစ်တပ်ထိန်းချုပ်ထားတဲ့ မြဝတီသတင်းနဲ့ ပြန်ကြားရေးဌာနတွေမှာလည်း ဒီလိုထုတ်လွှင့်ချက်မတွေ့ရပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ […]

Continue Reading