Fact Check: သီတဂူ ဆရာတော် ပျံလွန်တော်မှုပြီဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုးကွယ်တဲ့ သီတဂူ ဆရာတော် ပျံလွန်တော်မှုပြီလို့  ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိနေခြင်း သာဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၂ ၃ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၂၇၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။  “မင်း‌အောင်လှိုင် ကိုယ်ကွယ်တဲ့ သီတဂူ ဆရာတော် ဘုန်းကြီး နာရေးသတင်းကြီး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတု၊ သတင်းမှားတွေ ဖြန့်ချိနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။  အခုလည်း ဒီချန်နယ်ဟာ […]

Continue Reading

Fact Check: သီတဂူရေအလှူတော် ပဒေသာပင် ကျပ်ငွေ ၁၀၀ ကုဋေ့ကို COVID-19 အတွက်လှူဒါန်းမှုအဖြစ် သတင်းမှားဖြန့်

ကိုဗစ် ၁၉ ကာကွယ်ဖို့ သီတဂူဆရာတော်ကြီး ကုဋေတစ်ရာ လှူလိုက်ပါပြီလို့ ရေးသားမျှဝေနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။  သီတဂူဆရာတော်ဘုရားကြီးက ကိုဗစ် ကာကွယ်ရေးအတွက် လိုအပ်တာတွေ လှူသလိုမရှိတဲ့သူတွေကိုလည်း စားနပ်ရိက္ခာတွေ မကြာခဏလှူဒါန်းနေပြီး ကိုဗစ် ၁၉ ကာကွယ်ဖို့ သီတဂူဆရာတော်ကြီး ကုဋေတစ်ရာ လှူလိုက်ပါပြီ လို့ရေးသားပြီး “ကုဋေ တစ်ရာ”လို့ရေးသားထားတဲ့ မှတ်တမ်းဓာတ်ပုံနှင့်အတူ မျှဝေထားပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ သီတဂူရေအလှူတော်ပဒေသာပင်အတွက် ငွေကျပ် ကုဋေ ၁၀၀ မတည်လှူဒါန်းပေးမှု အခမ်းအနားမှ မှတ်တမ်းဓာတ်ပုံဖြစ်ပြီး COVID-19 အတွက်လှူဒါန်းမှုနှင့်သက်ဆိုင်ခြင်းမရှိတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ သီတဂူဆရာတော်ကြီးက ကိုဗစ်ကာကွယ်ရေးအတွက်အလှူအဖြစ်ဖော်ပြနေတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာမှာ မျှဝေထားပါတယ်။ ဝက်ဘ်ဆိုဒ်နဲ့ဘလော့စာမျက်နှာတွေဖြစ်တဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာ နဲ့ဒီနေရာတွေမှာမျှ ဝေထားတာတွေ့ရပါတယ်။ […]

Continue Reading