Fact Check: သမ္မတကြီးဦးဝင်းမြင့်လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့သတင်းမှား

မေ ၁ ရက်က သမ္မတဦးဝင်းမြင့် လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယို အွန်လိုင်း အသုံးပြုသူတွေ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဒီဗွီဒီယိုထဲအစမှာ သမ္မတဦးဝင်းမြင့်ကို ဒုတိယသမ္မတတွေဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူတို့က လက်ဆွဲနှုတ်ဆက်နေပုံနဲ့အတူ “ ၁ ရက်နေ့ သမ္မတ ဝင်းမြင့် လွှတ်ငြိမ်းချမ်းသာခွင့်ရလို့ ကြိုဆိုနေကြပြီ”ဆိုပြီး တော့ ရေးသားထားပါတယ်။ အောက်ပါ စရင်ရှော့ကတော့ ၂၀၂၃ ခုနှစ် မေ၁ ရက်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ သမ္မတဦးဝင်းမြင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီလို့ရေးသားထားပေမဲ့ ၂ မိနစ် ၄၇ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုတစ်ခုလုံးမှာ […]

Continue Reading

Fact Check: ပုသိမ်အကျဉ်းထောင် ထောင်ဖောက်ခံရ အကျဉ်းသားအားလုံးပျောက်ဆုံး သတင်းတု

ပုသိမ်အကျဉ်းထောင် ဖောက်ခံရပြီး အကျဉ်းသားအားလုံလွတ်မြောက်သွားတယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ“၁၄ ရက်နေ့ ပုသိမ်အကျဉ်းထောင် အရေးပေါ် ထောင်ဖောက်ခံရ အကျဉ်းသား အားလုံး ပျောက်ဆုံး“လို့ စသည် ဖြင့် ရေးသားထားပါတယ်။ “KAKA Drama”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link|  Archive link  အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ထဲမှာ ပုသိမ်အကျဉ်းထောင် အရေးပေါ် ထောင်ဖောက်ခံရ အကျဉ်းသား အားလုံးပျောက်ဆုံး တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။  အမှန်တကယ် အသံဖိုင်ထဲမှာ ပါဝင်တဲ့ သတင်းအကြောင်းအရာတွေကတော့“ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား […]

Continue Reading