Fact Check: ‌ဒေါ်အောင်ဆန်းစုကြည် ဇူလိုင် ၁၈ ရက်ပြန်လွှတ်မယ်ဆိုတဲ့ သတင်းတု

ဇူလိုင် ၁၂ ရက်နေ့က စစ်ကောင်စီထိပ်တန်းခေါင်းဆောင်အချို့ဟာ ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် ဇူလိုင် ၁၈ ရက်နေ့မှာ ပြန်လွှတ်မယ်ဆိုတဲ့ သတင်းပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၁၂)ရက် စစ်ခေါင်းဆောင်တစ်ချို့ အမစုကို လျှို့ဝှက်‌တွေ့ဆုံ ဇူလိုင် ၁၈ ရက် ပြန်လွှတ်မယ်တဲ့ “ လို့ဆိုတဲ့ စာသားကို “News of Myanmar”အမည်နဲ့ ယူကျု့တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် မြန်မာစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးတို့ဟာ မေလ ၂၇ ရက်နေ့ နှင့် ဇွန်လ […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့် ထောင်အတွင်း သေဆုံးမှု သတင်းတု

သမ္မတဦးဝင်းမြင့် ထောင်အတွင်း သေဆုံးသွားပြီ၊ သမ္မတဦးဝင်းမြင့်အလောင်းပြန်မရစတဲ့ ယူကျူ့ဗွီဒီယိုပို့စ်တွေ အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဇွန် ၁၄ ရက်က မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ News In Burmese အမည်နဲ့ယူကျူ့ချန်နယ်က ဗွီဒီယိုဖြစ်ပါတယ်။ ထို့အပြင် နောက်ထပ် နာရီအနည်းငယ်အကြာမှာပဲ သမ္မတ ဦးဝင်းမြင့်ဓာတ်ပုံနဲ့အတူ “သေပြီတဲ့ စစ်သားတွေမို့လုပ်ရက်တယ် အလောင်းပြန်မပေး”စသည်ဖြင့် ရေးသားပြီး ဒီယူကျူ့ချန်နယ်က ထပ်မံ ဖြန့်ဝေထားတာတွေ့ရပါတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဘီဘီစီမြန်မာပိုင်းကဖော်ပြခဲ့တဲ့ “သမ္မတ ဦးဝင်းမြင့် ကျန်းမာရေး မကောင်းဖြစ်နေ”ဆိုတဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြနေခြင်းဖြစ်ပြီး လူစိတ်ဝင်စားမှုရဖို့အတွက် သမ္မတ ဦးဝင်းမြင့်သေဆုံးမှုအဖြစ် သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ တောင်ငူထောင်မှာ အကျဉ်းချခံထား […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးပေးဖို့အပါအဝင် သဘော တူညီချက် ၃ ချက်ရရှိကြောင်း စကစ ကြေညာတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ လာရောက်တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးပေးဖို့အပါအဝင် သဘောတူညီချက် ၃ ချက်ရရှိကြောင်း စကစ(စစ်ကောင်စီ) ကြေညာတဲ့ သတင်းတုပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဒေါ်စုကို မင်းအောင်လှိုင်နဲ့ စိုးဝင်း ၂ယောက်စလုံး သွားတွေ့ပြီး တောင်းပန်”လို့ရေးသားထားသလို ဗွီဒီယိုထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆုံမှုအပြီး သဘောတူညီချက် ၃ ချက်ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတပေးမယ်လို့ စစ်ခေါင်းဆောင်က ကြေညာခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ယူကျူ့ ဗွီဒီယိုပါအကြောင်းအရာဟာ ဇွန် ၁၂ ရက်က ဖေ့စ်ဘွတ်မှာ […]

Continue Reading

Fact Check: နေပြည်တော်ထောင်ခါလို့ အမေစုနဲ့ သမ္မတကြီးလွတ်မြောက်ဆိုတဲ့ သတင်းမှား

နေပြည်တော်ထောင်ခါလို့ အမေစုနဲ့ သမ္မတကြီးလွတ်မြောက်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုဖြစ်ပါတယ်။  မူရင်းလင်ခ့် – Fb link  | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ ခေါင်းစဉ်တုခေါင်းစဉ်လွဲတပ်ပြီး ရန်ကုန်ခေတ်သစ်မီဒီယာက သတင်းဗွီဒီယို ဖိုင်တစ်ခုကို မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ မူလကရန်ကုန်ခေတ်သစ်မီဒီယာက မေ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်ဖော်ပြခဲ့တဲ့ ဗွီဒီယိုကို ဒီလင့်ခ်မှာကြည့်ပါ။  ၆ မိနစ်ကျော်‌ကျော်သာရှည်လျားတဲ့ ဒီမူလဗွီဒီယိုထဲမှာ  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမှာ မုန်တိုင်းသင့်ပြည်သူ တွေကို တစ်ဦးလျှင် ဆန် ၂ ဘူးစီ စစ်တပ်ကပေးအပ်တာမှာ မယူသူများပြားတဲ့အကြောင်း၊ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ် ဝမ်ပေါင်ကြေးနီ စီမံကိန်းက ရဲကင်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကနေ […]

Continue Reading

Fact Check: တောင်ငူထောင်မှာအကျဉ်းသား ၉၀ ထွက်ပြေးတယ်ဆိုတဲ့ချဲ့ကားထားတဲ့ သတင်းမှား

တောင်ငူထောင်ကနေ အကျဉ်းသား (၉၀ )ထွက်ပြေးလွတ်မြောက်သွားပြီး စစ်ကောင်စီဘက်မှ စစ်သား (၃၀)ပစ်သတ်ခံရကာ သေနတ် (၄)လက် လုယူသွားတယ်ဆိုတဲ့ ဗီဒီယိုပို့စ်တခု လူမူကွန်ယက်စာမျက်နှာမှာ ယနေ့ ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ မူရင်းသတင်းအမှန်ကို ချဲ့ကားပြီး သတင်းတု ပြန်လည် ဖန်တီးထားတာကို တွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့  ဗွီဒီယိုရုပ်ကတ်ထဲမှာ “၁၉ ရက်နေ့တောင်ငူထောင် မီးလောင်ပြီ အကျဉ်းသား (၉၀)ထွက်ပြေးလွတ်မြောက် စစ်ခွေး (၃၀)ပစ်သတ် သေနတ် (၄)လက်လုယူ” စသဖြင့် Bestss Videos အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာ အောက်ပါတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် –FB link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာတော့ တောင်ငူထောင်မှာ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးက […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းမှား

အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောင်ကနေပြန်လွတ်လာပြီး နေပြည်တော်နေ အိမ်ပြန် လည်ရောက်ရှိလာပြီလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားထပ်မံဖြန့်ဝေ လာတာတွေ့ရပြီး ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုသတင်းမှားဖြန့်ချိမှုဖြစ်ပါတယ်။ “အမေစု နေပြည်တော် နေအိမ်ပြန်လည်ရောက်ရှိ”လို့ ရေးသားပြီး “Prus new” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက ဖေဖော်ဝါရီ ၁၉ ရက်မှာ ဖြန့်ဝေလာတာတွေ့ရပြီး ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။  ဗွီဒီယိုထဲမှာလည်း သတင်းတင်ဆက်သူက “မင်္ဂလာပါရှင် ဒေါ်အောင်ဆန်းစုကြည်နေ အိမ်ပြန်ရောက်ခဲ့ ပါပြီ။တရားရုံးတော်ကယနေ့ မှာပဲအကျဉ်းချုပ်ကနေအိမ်အကျယ်ချုပ်သို့ပြောင်းလဲ သတ်မှတ်လိုက်ပြီဟု အမိန့်ချမှတ်လိုက်ပါတယ်။ အားလုံးပဲဝမ်းသာစရာသတင်းဖြစ်မယ်လို့မျှော်လင့်မိကြပါတယ်။”စသည်ဖြင့် ကြေညာခဲ့လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ ယခုသတင်းတု ဗွီဒီယိုကို ၂၀၂၂ […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်ဆိုတဲ့ သတင်းတု

သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိရာ သတင်းတုဖြန့်ချိမှုတစ်ခုသာဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ သမ္မတဦးဝင်းမြင့်ဟာ ကိုယ်တိုင်လျှောက် လဲချက်ပေးပြီးနောက် အမှု ၃ မှုလုံးအနိုင်ရပြီး ပြန်လည်လွှတ်မြောက်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သမ္မတဦးဝင်းမြင့် အမှု ၃ မှုကို ကိုယ်တိုင်လျှောက်လဲချက်ပေးပြီး အနိုင်ရလို့ ပြန်လွတ်လာပြီလို့ ရေးသားထားတဲ့ ဗွီဒီယိုကို လေ့လာကြည့်ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်နဲ့ နိုင်ငံ့ဝန်ထမ်း မင်းအောင်လှိုင်တို့ ဘယ်သူ သမ္မတဖြစ်ခွင့်ရှိသလဲဆိုတဲ့ ဆောင်းပါးရှင်း မင်းသေ့ အတွေးအမြင်ဆောင်းပါးကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။  အဂတိမှု၊ သဘာဝဘေးအန္တရာယ်အမှုအပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီး […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြန်လွတ်လာပြီဆိုတဲ့ သတင်းခေါင်းစဉ်တု

ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၁ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ သတင်းမှားဖြစ်ပါတယ်။ “၁ရက်နေ့အမေစုကိုလွှတ်လိုက်ပြီလို့မအလ ကြေညာချက် ထုတ်”လို့ ရေးသားပြီး “L Boy” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအဖွင့်မှာပြသတဲ့ thumbnail ဓာတ်ပုံစာသားထဲမှာလည်း “၁ရက်နေ့မှာ မင်းတို့အမေစုကို လွှတ်လိုက်ပြီ ၁ ရက်နေ့ မင်းအောင်လှိုင်ကြေညာ ရန်ကုန်သားတွေကြိုဆိုအောင်ပွဲခံကြ”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် သတင်းမီဒီယာတွေမှာဖော်ပြပြီး အကြောင်းအရာတွေကိုပဲ ဗွီဒီယိုပုံစံနဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွှတ်မြောက်ပြီဆိုတဲ့သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းဌာန သို့မဟုတ် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတစ်ခုတစ်လေက မှဖော်ပြခြင်း မရှိပါဘူး။  ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ် ၅၄ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ပို့တဲ့နေ့မြင်ကွင်းအဖြစ် ဖော်ပြနေတဲ့ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် သင်္ကြန်က ဓာတ်ပုံသာဖြစ်တယ်

ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်မှုဓာတ်ပုံလို့ဆိုတဲ့ ဓာတ်ပုံတစ်ပုံဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ ဇွန် ၂၂ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မူလကထားရှိတဲ့နေရာကနေ နေပြည်တော်က အချုပ်ထောင်တစ်ခုရဲ့ သီးသန့်အဆောင်တစ်ခုကို စစ်တပ်က ပြောင်းရွှေ့ခဲ့အပြီးမှာ ဒီလို လူမှုကွန်ယက်မှာပျံ့နှံ့တာဖြစ်ပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်အတွင်း သင်္ကြန်ကာလအတွင်းက မြင်ကွင်းနဲ့တူညီတာတွေ့ရပါတယ်။  “ခုလက်ရှိ ပုံလို့သိရပါတယ်…😔😔😔 ယနေ့ နေ့လည် (၂)နာရီခန့်က နေပြည်တော် အချုပ်ထောင်ပို့ဆောင်လိုက်ပါပီ”စသည်ဖြင့် ရေးသားပြီး “Min Kaung Pyae”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဖေ့စ်ဘွတ်မှာ အဓိကျတဲ့ စကားလုံးအချို့ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ဓာတ်ပုံဟောင်းတစ်ခုဖြစ် တယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူအချို့ကမှတ်ချက်ပြုကြသလို […]

Continue Reading

Fact Check: အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေထွက်ပြေးတဲ့ သတင်းတုသတင်းမှား

အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေ ထွက်ပြေးတယ်လို့ ရေးသားပြီး ဘလော့ဂ်စာမျက်နှာ၊ ယူကျူ့(youtube)စာမျက်နှာနဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ အခြားလွတ်လပ်သော သတင်းဌာနတွေမှာ ဒီသတင်းကို မတွေ့ရပါဘူး။  “ပညာ ပန်း ခင်း”ဖေ့စ်ဘွတ်အသုံးပြုသူက အထက်ပါဆိုလိုရင်းပါတဲ့ ဘလော့ပို့စ်တစ်ခုကို အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၁၂ ကြိမ်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  “Myanmar Life Channel” အမည်နဲ့ youtube စာမျက်နှာမှာလည်း “အင်းစိန်ထောင် လောင်ပြီ ထောင်သားတွေ ထွက်ပြေး”လို့ ရေးသားပြီး ဇူလိုင် ၂၃ ရက်က ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီဗွီဒီယိုကို […]

Continue Reading