Fact Check: NUG ကို အမေရိကန် လက်နက်ထောက်ပံ့မှု သတင်းတု

ထိုင်းနယ်စပ်က တဆင့် NUG ကို အမေရိကန်က လက်နက်ထောက်ပံ့ချိန်မှာပဲ ထိုင်းနိုင်ငံမှာ အာဏာသိမ်း မှုဖြစ်ခဲ့ပေမဲ့ NUG ကို အဆုံးထိ ကူညီမယ်လို့ အမေရိကန်ပြောတယ်ဆိုတဲ့ ဗွီဒီယိုတစ်ခုကို ယူကျူ့ အသုံးပြုသူ ထောင်ဂဏန်းက ကြည့်ရှု့ထားတယ်။ သတင်းခေါင်းစဉ်တုတစ်ခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “Usမှ လက်နက်တွေရောက်ရှိကြောင်း ကြေညာ”လို့ရေးသားထားပြီး ဗွီဒီယိုအစမှာပြတဲ့ ရုပ်သေဓာတ်ပုံစာသားထဲမှာ လည်း “ထိုင်းနယ်စပ်လက်နက်ရောက်ချိန် ထိုင်းအာဏာသိမ်းမှုဖြစ်ပွားနေ Usမှပို့တဲ့စစ်လက်နက်တွေရောက်ရှိ NUG ကိုအဆုံးထိကူညီမည်ဖြစ်ကြောင်း”စသည်ဖြင့်ရေးသားထားပါတယ်။ ထို့အပြင် အမေရိကန်သမ္မတ သမ္မတဂျိုးဘိုင်ဒန်ဓာတ်ပုံ၊ သတင်းတင်ဆက်သူ တစ်ဦးဓာတ်ပုံတို့နဲ့အတူ ဒီစာသားတွေ ဖြန့်‌‌ဝေနေ တာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို အမေရိကန်က လက်နက်ထောက်ပံ့တယ်ဆိုတဲ့ သတင်းမှားကို မကြာခဏဖြန့်ဝေနေတယ်။ […]

Continue Reading

Fact Check: ‌အမေရိကန်ဆီက ထောက်ပံကြေး ဒေါ်လာ ၂ ဘီလီယံ NUG ရရှိတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေး အစိုးရ(NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဆာဆာ ဟာ အမေရိကန်နဲ့ သဘောတူညီချက်ရပြီး အမေရိကန်ဆီက ထောက်ပံကြေး ဒေါ်လာ ၂ ဘီလီယံ NUG ရတယ်ဆိုတဲ့ ပို့စ် အွန်လိုင်းအသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့  Khit Thit Channel အမည်နဲ့ ယူကျူ့အကောင့်ကနေ ဇွန် ၃ ရက်က မျှဝေထားတာကို စခရင်ရှော့ ရိုက်ထားခြင်းဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ NUG က ဝန်ကြီး ‌ဒေါက်တာ ဆာဆာနဲ့ အမေရိကန်အစိုးရတို့ တွေ့ဆုံမှု သို့မဟုတ် သဘောတူညီချက်အကြောင်း သတင်းဖော်ပြချက်မျိုး မရှိပါဘူး။ […]

Continue Reading

Fact Check:  တရုတ်နဲ့အမေရိကန်ပူးပေါင်းပြီး မြန်မာအရေးဖြေရှင်းမယ်ဆိုတဲ့ သတင်းတု

တရုတ်နဲ့အမေရိကန်ပူးပေါင်းပြီး မြန်မာအရေးဖြေရှင်းဖို့အမိန့်ချလိုက်လို့ ပြည်သူတွေ ပျော်ရွှင်နေကြတယ် လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းခေါင်းစဉ်တုတစ်ခုဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်အကြား မြန်မာအရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက်မရှိတာတွေ့ရပါတယ်။  ‌အောက်ပါဓာတ်ပုံကတော့ မြန်မာအရေးတရုတ်နဲ့အမေရိကန်ပူးတွဲအမိန့်ချလို့ တစ်နိုင်ငံလုံးထခုန်နေကြပြီလို့ ရေးသားမျှဝေထားတဲ့ ပျံ့နှံ့မှုကောင်းနေတဲ့ ဗွီဒီယိုပို့စ်ကို စခရင်ရှော့ရိုက်ထားခြင်းဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ “မောင်း”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကဖော်ပြခဲ့တဲ့ “မြန်မာ့အရေးကို တရုတ်က အမေရိကန်နဲ့ ပူးပေါင်းဖြေရှင်းသွားမှာ သေချာရဲ့လား”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်ပါတယ်။ ဆောင်းပါးထဲမှာတော့ အ‌မေရိကန်အနေနဲ့ မြန်မာအရေးမှာ တရုတ်နဲ့ပူးပေါင်းဖြေရှင်း လိုတယ်ဆိုပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံခြင်းကနေ အကျိုးအမြတ်တွေရနေတဲ့ တရုတ်က […]

Continue Reading

Fact Check: အမေရိကန်မှာ ငွေထုတ်မရလို့ ဘဏ်တွေကို ဆန္ဒပြနေပုံလား-မဟုတ်ပါ

အမေရိကန်မှာ ငွေထုတ်မရလို့ ဘဏ်တွေကို ဆန္ဒပြနေတယ်လို့ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့ခဲ့တာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။  အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ ပို့စ်ပဲဖြစ်ပါတယ်။ “US မှာတော့ ဘဏ်တွေမှာ ပိုက်ဆံလိုသလောက် ထုတ်မရလို့ ဆန္ဒပြကြပြီ”စသည်ဖြင့်ရေးသားပြီး ဓာတ်ပုံ ၄ ပုံနဲ့အတူဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာတော့ ဘဏ်နဲ့ ငွေကြေးအဖွဲ့အစည်းတွေရဲ့ နာမည်တွေ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသူတွေက ကိုင်ဆောင်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဘဏ်တွေကမောက်ကမဖြစ်အောင်လုပ်ခဲ့တဲ့ အမေရိကန် အခု တန်ပြန်သက်ရောက်မှုဒဏ်ကိုခံစားနေရ ပြီလို့လည်း ဒီပို့စ်ကဆိုပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ ၁၀စုနှစ်တစ်ခုကျော်က ဘဏ္ဏာရေးအကြပ်အတည်း ဖြစ်စဉ်တွေနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ […]

Continue Reading

Fact Check: အမေရိကန်သံရုံးကို စီးနင်းခံရတယ်ဆိုတဲ့သတင်းတု

အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းခံရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုပဲဖြစ်ပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ခေတ်သစ်သတင်းဌာနကနေ ဒီသတင်းကို ကြေညာခဲ့တာဖြစ်ပြီး အခြားသောသံရုံတွေကိုလည်း လိုက်သိမ်းနေပြီလို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ပို့စ်စာသားနဲ့ ဗွီဒီယိုအစမှာ အမေရိကန်သံရုံးဝင်စီးခံရပြီး အခြားသောသံရုံတွေကိုလည်း မြန်မာစစ်တပ်က လိုက်သိမ်းနေပြီလို့ ခေတ်သစ်သတင်းဌာနက ကြေညာတယ်လို့ဆိုထားပေမဲ့ ဒီသတင်းကို‌ဖော်ပြခဲ့ တာမျိုးမရှိတာ တွေ့ရပြီး ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။ ခေတ်သစ်သတင်းဌာနက ဗွီဒီယို အစီအစဉ်တင်ဆက်မှုကို ဒီနေရာမှာတွေ့နိုင်ပါတယ်။ ထို့အပြင် အခုလို သံရုံးဝင်စီးခံရတယ်ဆိုတဲ့ ဗွီဒီယိုပါအသံဖိုင်မှာတော့ စစ်တပ်ထောက်ခံသူ မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံးမှုနဲ့ပတ်သက်တဲ့အကြောင်းအရာ၊ မုံရွာခရိုင် […]

Continue Reading

Fact Check:‌ အမေရိကန်သမ္မတဟာ ခရစ်ယာန်ဖြစ်ရမယ်လို့ ပြဌာန်းမထားပါ

အမေရိကန်ရဲ့အခြေခံဥပဒေမှာ သမ္မတနဲ့ ဒုသမ္မတဟာ ခရစ်ယာန်ဘာသာဝင်သာဖြစ်ရမယ်လို့ ပြဌာန်းထား တယ်လို့ဆိုပြီး  ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းမှား သာဖြစ်ပါတယ်။ မျှဝေလျက်ရှိတဲ့ ပို့စ်မှာ အမေရိကန်အခြေခံဥပဒေမှာ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ခရစ်ယာန်ဘာသာ ဝင်သာဖြစ်ရမှာဖြစ်သလို သမ္မတအိမ်ဖြူတော်မှာ ခရစ်ယာန်ကလွဲလို့ အခြားဘာသာဝင်တွေ တာဝန်ထမ်းဆောင် ခွင့်မရှိဘူးဆိုပြီး “Saw Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၅၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီအချက်အလက်မှား ပျံ့နှံ့ခဲ့ဘူးပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ တကယ်တော့ အမေရိကန်ဖွဲ့စည်းပုံအခြေခဥပဒေတစ်ခုလုံးမှာ “ဘာသာရေး”လို့ မြန်မာလို ပြန်ဆိုနိုင်တဲ့ “religion”ဆိုတဲ့ စကားလုံး ၂ လုံးသာပါဝင်တာတွေ့ရပါတယ်။  […]

Continue Reading

Fact Check: မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်တဲ့သတင်းမှား

မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်လိုက်ပြီလို့ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တစ်ချို့ကနေ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ထိုင်းနဲ့ ပူးတွဲလေ့ကျင့်မယ် စစ်ရေးလေ့ကျင့်မှုတခုအတွက် အမေရိကန်တပ် သားတွေ ထိုင်းနိုင်ငံစေလွှတ်မှုသတင်းကို နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းခေါင်းစဉ်အသုံးပြုဖြန့် ဝေနေခြင်းဖြစ်ပါတယ်။ “မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်ပြီ”ဆိုတဲ့ခေါင်းစဉ်နဲ့ ဗွီဒီယိုတစ်ခုကို “Real News Myanmar”အမည်နဲ့ ယူကျူ့ချန်နယ်က ဖေဖော်ဝါရီ ၁၉ ရက်က မျှဝေထားတာကို အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီလိုဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာတွေကတော့ “အမေရိကန် တပ်သား ၆,၀၀၀ ကျော် စစ်ရေး လေ့ကျင့်ရန် ဒေသတွင်း […]

Continue Reading

Fact Check: အမေရိကန်စက်လက်နက်တွေ KNU စတင်အသုံးပြုနေပြီဆိုတဲ့သတင်းမှား

အမေရိကန်ပေးတဲ့ စက်သေနတ်တွေ ကရင်အမျိုးသားအစည်းအရုံး (KNU)က စတင်အသုံးပြုနေပြီဆိုတဲ့ ပို့စ် တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ KNU ပြော‌ရေးဆိုခွင့်ရပုဂ္ဂိုလ်နဲ့ အင်တာဗျူးကို ခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်း ဖြစ်ပါတယ်။  “The Friday News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါ အတိုင်းမျှဝေထားတာ တွေ့ရပါတယ်။ “KNU ထံ အမေရိကန် ထောက်ပံ့မှု ရောက်ပြီဗျို့”လို့ ပို့စ်မှာရေးသားထားပြီး ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာ တော့ “အမေရိကန် စက်လက်နက်တွေ ၂၄ ရက်က KNU စတင်အသုံးနေပြီ KNU ကြေညာ”လို့လည်း‌ရေးသား ထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ […]

Continue Reading

Fact Check: NDAA ကို ဂျိုးဘိုင်ဒန်လက်မှတ်ထိုးပြီးတဲ့အတွက် ဟောင်ဇာလက်နက်ကြီး တွေ NUG လက်ခံရရှိဆိုတဲ့ သတင်းမှား

အမေရိကန်က အမျိုးသားလုံခြုံရေးဉပဒေကို ဂျိုးဘိုင်ဒန်က အတည်ပြုလိုက်ပြီးနောက် အမေရိကန်ဆီက မြေပြင်ပစ် ဟောင်ဇာ(Howitzer)အမြောက်ကြီးတွေကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က လက်ခံ ရရှိခဲ့တယ်ဆိုပြီး တော့ဖြန့်ဝေထားတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ သတင်းမှားတစ်ခု သာဖြစ်ပါတယ်။ “NDAA သမ္မတ ဘိုင်ဒန်လက်မှတ်ရေးထိုးပြီးနောက် NUG လက်နက်ကြီးတွေ လက်ခံနေပြီ”လို့ရေးသားပြီး “Tsx mar 07”ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုစာသားထဲမှာလည်း ၁၇ ရက်နေ့က ဒီလိုလက်မှတ်ရေးထိုးပြီးနောက် လက်နက်အကူအညီရရှိခဲ့တာလို့ဖော်ပြပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ တော်လှန်ရေးကိုထောက်ခံတဲ့ ဘုန်းကြီးတစ်ပါးရဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) အပေါ် အတွေးအမြင်ကို ဆွေးနွေးနေခြင်းသာဖြစ်ပါတယ်။ ဒီဆွေးနွေးမှုမှာလည်း လက်နက်တွေထောက်ပံ့နေပြီ၊ လက်ခံရရှိပြီဆိုတဲ့ ပြောဆိုချက်မပါပါဘူး။ အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေး […]

Continue Reading

Fact Check: US စစ်သား ၅ သိန်း မြန်မာကို ပို့ဖို့ အမေရိကန်သမ္မတဆုံးဖြတ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

မြန်မာကို စစ်သား ၅ သိန်းပို့ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဆုံးဖြတ်လိုက်တယ်ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်ပါ မြင်ကွင်းဖြစ်ပါတယ်။ “မြန်မာ့အရေး US သမ္မတကြီး ခေါင်းခဲပီ”လို့ ပို့စ်စားသားမှာရေသားပြီး ဗွီဒီယိုအဖွင့် thumbnail ဓာတ်ပုံထဲ မှာတော့ သမ္မတဂျိုးဘိုင်ဒန်ဓာတ်ပုံနဲ့အတူ “ (၁၆)ရက်နေ့ မြန်မာ့အရေး သမ္မတကြီး ခေါင်းခဲပီ US စစ်သား(5) သိန်း မြန်မာကိုပို့ဖို့ ဆုံးဖြတ်”လို့လည်းရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အမေရိကန်သမ္မတက US   စစ်သား ၅ သိန်းမြန်မာကို ပို့ဖို့ ဆုံးဖြတ်တယ်ဆိုတဲ့ သတင်းမျိုးကို […]

Continue Reading