Fact Check: အလက်စကာပြည်နယ်မှာ အင်အား ၇ ဒဿမ ၃ ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးပြိုကျတဲ့ ဗွီဒီယိုလား-မဟုတ်ပါ 

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ အင်အား ၇ ဒဿမ ၃ ရှိတဲ့ ငလျင်လှုပ်ခတ်မှုဆိုပြီးတော့ အုတ်ခဲနီရောင်လွှမ်မိုးတဲ့ အထပ်မြင့် အဆောက်အဦး နှစ်လုံး ပြိုကျသွားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။ ဒီဗွီဒီယိုဟာ အလက်စကာပြည်နယ်မှာ ဇူလိုင် ၁၆ ရက်က လှုပ်ခတ်ခဲ့တဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး Google မှာ ပုံရှာနည်းအသုံးပြုပြီး အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ မြန်မာနိုင်ငံ စစ်ကိုင်းမြို့အနီးကို […]

Continue Reading

Fact Check: ဇူလိုင် ၂၉ ရက်က ပြင်းအား ၈ ဒသမ ၂ ရှိတဲ့ အလက်စကာငလျင်အပြီး ပျက်စီးမှုဓာတ်ပုံလား- မဟုတ်ပါ

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ ဇူလိုင် ၂၉ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈ ဒသမ ၂ ရစ်ချ်တာ စကေးရှိတဲ့ ငလျင်က အပျက်အစီးအဖြစ် ထက်ပိုင်းကျိုးနေတဲ့ လမ်းမထက်မှာ ကားတစ်စီး ရပ်လျှက်တင်နေတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ် အလက်စကာငလျင်က ဓာတ်ပုံဖြစ်ပါတယ်။ အလက်စကာမှာ ရစ်တာစကေး ၈ ဒသမ ၂ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ကားတစ်စီးဟာ ထက်ပိုင်းကျိုးနေတဲ့ လမ်းပေါ်မှာ တင်ကျန်နေခဲ့တဲ့ပုံအဖြစ် “Win Htein” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၂၃၉ ကြိမ်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading