Fact Check: ကရင်ပြည် ဖလူးဒေသကို စစ်တပ်က တိုက်ခိုက်နေတဲ့ဒီဗွီဒီယိုလား-မဟုတ်ပါ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တောင်ပိုင်းဒေသဖြစ်တဲ့ ဖလူးဒေသကို စစ်တပ်က တိုက်ခိုက်မှုအဖြစ် ဗွီဒီယိုတစ်ခုဟာ ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ စက္ကန့် ၃၀ ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ တောအုပ်တစ်ခုထဲမှာ ပစ်ခတ်သံ ပေါက်ကွဲသံတွေနဲ့အတူ မီးခိုးတွေအူနေတာကို အဝေးတစ်နေရာက ရိုက်ကူးထားတဲ့ မြင်ကွင်းတွေပါဝင်ပြီး ဗွီဒီယိုရိုက်ကူးရက်စွဲအဖြစ် “20.4.2022”လို့လည်းရေးသားထားပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယ-ပါကစ္စတန်နယ်စပ် ကတ်ရှ်မီးယားဒေသမှာ ၂၀၁၉ ခုနှစ်က ပစ်ခတ်မှုအဖြစ်အပျက်ကို ရိုက်ကူးထားဖြစ်ပါတယ်။ ဒီဗွီဒီယိုနဲ့အတူ “Zaw Min Hlaing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“pdfတောင်ပိုင်းလို့ပြောနေတဲ့ ဖလူးဒေသ ကိုစိုးမိုနိုင်ပါတော့မည်…ဘောကျော်ဟဲ..ကတော့ထိုင်းဖက်ကိုပြေးပြီလို့သတင်းရပါတယ်… စခန်းအားလုံး ကိုထိချက်ကောင်းပါတယ်…ထိုင်းဖက်ထွက်ပေါက်ဖြစ်တဲ့…မဲကုနွဲ..ကျောက်ခက်တလျှေက်လဲပိတ်ထားနိုင်ခဲ့ပါပြီလို့…..👌” စသည်ဖြင့် ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၀၀ ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အခြားသောဖေ့စ်ဘွတ်အသုံးပြုသူ “သခင် မုန်တိုင်း”အမည်နဲ့အကောင့်ကလည်း […]

Continue Reading