Fact Check: မက်ဆီပုံနဲ့ပိုက်ဆံကတကယ်လား-မဟုတ်ပါ

လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာ့ဂုဏ်သိက္ခာအကြီးဆုံး အားကစားပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိတ်သတ်တွေအကြား လွှမ်းမိုးမှုအရှိဆုံးပွဲတစ်ပွဲဖြစ်ပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့်ရချိန်ဟာ နိုင်ငံတစ်နိုင်ငံ၊ ကစားသမားတစ်ယောက်အနေနဲ့  ဂုဏ်ယူရဆုံးအခိုက် အတန့် တစ်ခုဖြစ်တယ်။ ယခုနှစ် အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို အရယူနိုင်လိုက်တဲ့  မက်ဆီ(Messi)ဟာ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ အာဂျင်တီးနားမှာ မက်ဆီပုံနဲ့ ပီဆို ၁၀၀၀ ပိုက်ဆံရိုက်ထုတ်ဂုဏ်ပြုလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြား ပျံ့နှံ့လျက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ စာသားကောက်နှုတ်ချက်ပဲဖြစ်ပါတယ်။ “ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းကို ငွေစက္ကူထုတ်ပြီး ဂုဏ်ပြု မက်ဆီပုံပါတဲ့ ပီဆို ၁၀၀၀ တန်အပြင် ၂၀၂၂ ကမ္ဘာ့ချန်ပီယံအသင်းသားတွေနဲ့ ငွေစက္ကူကို အာဂျင်တီးနား အစိုးရက တရား၀င်ထုတ်ပြီး ဂုဏ်ပြုလိုက်ပါတယ်။ […]

Continue Reading

Fact Check: မက်ဆီရဲ့ တံတောင်ဆစ်မှာ ၂၄ ပစ္စည်းပဌာန်းထိုးထားတာလား-မဟုတ်ပါ

လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာ့ဂုဏ်သိက္ခာအကြီးဆုံး အားကစားပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိတ်သတ်တွေအကြား လွှမ်းမိုးမှုအရှိဆုံးပွဲတစ်ပွဲသလို ကမ္ဘာ့ဖလားကို ကိုင်မြှောက် ခွင့်ရချိန်ဟာ  ဘောလုံးသမားတွေအတွက်လည်း ဂုဏ်ယူရဆုံးအခိုက်အတန်တစ်ခုဖြစ်တယ်။ ယခုနှစ် အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို အရယူနိုင်လိုက်တဲ့  မက်ဆီ(Messi)ဟာ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးနဲ့ အအောင်မြင် ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ထားတဲ့ မက်ဆီရဲ့ တံတောင်ဆစ်မှာ ဗုဒ္ဓဘာသာရဲ့ အဘိဓမ္မာကိုဖော်ညွှန်းတဲ့ ၂၄ ပစ္စည်းပဌာန်းပုံစံထိုးထားတဲ့အတွက် အခုလိုအနိုင်ရသွားလို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်ဖြစ်တာတွေ့ရပါတယ်။  အောက်ပါစာသားတွေကတော့ ပို့စ်ပါ စာသားကောက်နှုတ်ချက်ပဲဖြစ်ပါတယ်။ “တံတောင်ဆစ်မှာ 24 items(၂၄ ပစ္စည်း) ပုံစံ Tattooထိုးလို့ World Cup ရသွားတဲ့ Messi……. ဒါတောင် အသေးစိတ် တွေ မထည့်ရသေးပါဘူးတဲ့” […]

Continue Reading

Fact Check: ကာတာအသင်း ကမ္ဘာ့ဖလားကစောစောစီးစီးထွက်ခဲ့ရလို့ ကာတာဘုရင် စိတ်ပျက် လက်ပျက်ထိုင်နေတဲ့ပုံလား-မဟုတ်ပါ

ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ပေမဲ့ ကာတာအသင်းဟာ အုပ်စုအဆင့်က နေပဲထွက်ခဲ့ရပြီးနောက် ကာတာဘုရင်ဟာ စိတ်ပျက်လက်ပျက်နဲ့ ဘောလုံးကွင်းထဲမှာ ထိုင်နေပုံ အဖြစ် ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သရော်ထားတဲ့ပို့စ်သာဖြစ်ပါတယ်။ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဆော်ဒီအာရေးဗီးယားကလပ် Al-Nassr အသင်းမန်နေဂျာရဲ့ ဓာတ်ပုံဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းက ဓာတ်ပုံဖြစ်ပါတယ်။ “ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ သော်လည်း အုပ်စုမှ အစောဆုံး ထွက်ခဲ့ ရပြိးနောက် ကာတာဘုရင် အခြေအနေ”လို့ ရေးသားပြီး “Soccer 88 Sports News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၃၀ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၇၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link […]

Continue Reading

Fact Check: FIFA World Cup 2022 ဖွင့်ပွဲဓာတ်ပုံလား-မဟုတ်ပါ

FIFA World Cup 2022 ဖွင့်ပွဲမှာ ကုရ်အာန်ကျမ်းရွတ်ဖွင့်လှစ်ခဲ့တယ်လို့ဆိုထားတဲ့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။တကယ်တော့ ဓာတ်ပုံဟာ ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက်အသုံးပြုမယ့် ဘောလုံးကွင်းတစ်ကွင်းကို ၂၀၂၁အတွင်းက ကွင်းဖွင့်ပွဲလုပ်ခဲ့ရာမှာ ကုရ်အာန်ကျမ်းရွတ်ဖတ်မှု သာဖြစ်ပါတယ်။ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ကုရ်အာန်ရွတ်ဖတ်ခဲ့တယ်ဆိုတဲ့အထောက် အထားမရှိပါဘူး။ “FIFA World Cup 2022ပွဲစဥ်အား ကုရ်အာန်ကျမ်းတော်မြတ်ဖြင့်ဖွင့်လှစ်ခဲ့သည့်ကြည်နူးဖွယ်မြင်ကွင်း🥰❤️ #SoeThuya #သာသနာ့အသိပညာ”လို့ ရေးသားပြီး “Soe Thu Ya” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ကမ္ဘာ့ဖလားဖွင့်ပွဲနေ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှာ ဒီလိုသတင်းမှားစတင်ပျံ့နှံ့ခဲ့တာတွေ့ရပြီး အချက်အလက်စိစစ်တဲ့အဖွဲ့ အစည်းအသီးသီးက အချက်အလက်စိစစ်ထားတာတွေ့ရပါတယ်။  […]

Continue Reading