Fact Check: ထိုင်းဘက်ခြမ်းကနေ ကရင်ပြည်နယ်ကို ရောက်လာတဲ့ မြန်မာစစ်ကား တွေလား-မဟုတ်ပါ
ထိုင်းဘက်အခြမ်းကနေ ကရင်ပြည်နယ်ကိုဝင်လာတဲ့ မြန်မာစစ်တပ်က စစ်ကားတွေဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူအချို့ကမျှဝေလျက်ရှိပါတယ်။ သို့သော် ဒီဓာတ်ပုံဟာ ဗြိတိန်စစ်တပ်ကယာဉ်တွေ အက်စတိုနီးယားနိုင်ငံကို ရောက်လာတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ “ထိုင်း..မြန်မာ.တပ်မတော်.၂ရပ်နားလည်မှု့နဲ့.KNDO..DKBA.(908)..KNLA.6..လက်ခံထားရှိတဲ့PDF..တွေကိုရှင်းဖို့ထိုင်းနိုင်ငံထဲကမြန်မာတပ့်မတော်..စစ်ကြောင်းတွေ..စစ်ကားတွေ..ဒီနေ့.30-3-22ဂက်နေ့မှာဖြတ်သန်းခွင့်ပြုလိုက်ပါတယ်ကရင်ပြည်နယ်.ထိုင်းနယ်စပ်ကနေထိုးစစ်စတင်လိုက်တာနဲ့ကျိုက်ဒုမ်ကြာအင်းဆိပ်ကြီးလမ်းပေါ်ကိုမောင်းချမှာမို့.တိုက်ပွဲတွေပြင်းထန်ရက်ပါလိမ့်မယ်ဝေါလေ မှာ မြန်မာ့တပ်မတော်နှင့် KNU.KNLA.PDFပူးပေါင်းအဖွဲ့ တိုက်ပွဲပြင်းထန်နေခဲ့ရာမှ ယနေ့ မြဝတီဘက်မှထိုင်းနိုင်ငံနယ်စပ်ထဲကို စစ်ကား ၄၃ စီးဝင်ပြီး သောင်းရင်းမြစ်ရိုးတစ်လျှောက် မင်းလက်ပန် အင်ကြင်းမြိုင်ကိုဖြတ်ပြီးဝေါလေနောက်ကြောကို သွားပိတ်နေပါတယ်”စသည်ဖြင့် စချီရေးသားပြီး “Nga Htwar”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မတ် ၃၀ ရက်မှာအောက်ပါအတိုင်းမျှဝေထားပါတယ်။ ထို့အပြင် “# ပုံ >> ဝေါလေစခန်းအနောက်ဘက်သို့ ထိုင်းနယ်စပ်အတွင်းမှ ဖြတ်သန်းခွင့်ပေးသဖြင့် စစ်ကား၄၃ စီးဖြင့် ချီတက်ဝင်ရောက်လာပုံမကြာမီ..နာရီပိုင်းအတွင်း..တိုက်ပွဲတွေ..ပြင်းထန်လာပါလိမ့်မယ် ”လို့လည်း ၎င်းက ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူရေးသားမျှဝေမှုတွေကို […]
Continue Reading