Fact Check: ကလေး PDF ကထုတ်ပြန်ထားတဲ့ ဓာတ်ပုံကိုအသုံးပြုဝါဒဖြန့်ချိ
PDF အဖွဲ့တွေတစ်ရွာဝင်တစ်ရွာထွက်ဒုက္ခပေးသောကြောင့်ဒေသခံများအခက်တွေ့နေတယ်ဆိုပြီးတော့ အိမ်တ အိမ်ရှေ့မှာပျောက်ကျားဝတ်စုံလက်နက်ကိုင်တွေ စုဝေးနေတဲ့ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုအချို့က ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ People Defense Force (Kalay)အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မူလဖော်ပြထားတဲ့ ဓာတ်ပုံတွေထဲက တစ်ပုံဖြစ်ပြီး မူလထုတ်ပြန်ထားတဲ့အကြောင်းနဲ့ ဆန့်ကျင်ဘက်ရေးသား ဖော်ပြထား တာတွေ့ရပါတယ်။ “စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းဒေသကို PDF အဖွဲ့တွေတစ်ရွာဝင်တစ်ရွာထွက်ဒုက္ခပေးသောကြောင့်ဒေသခံများအခက်တွေ့ ================================ စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းဒေသကို PDF အဖွဲ့တွေတစ်ရွာဝင်တစ်ရွာထွက်ဒုက္ခပေးသောကြောင့်ဒေသခံများအခက်တွေ့နေတယ်သိရ ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေးဖို့ဆိုပြီးရွာထဲကိုဝင်လာကြတယ်ပြီးတော့တစ်အိမ်ထောင်ကို ၅ သောင်းကျပ်နဲ့ထောက်ပံ့ရမယ်ဆိုပြီးတောင်းတယ် ပြည်သူ့ကာကွယ်ရေးရံပုံငွေဆိုပြီးတော့ မပေးရင် ဒလန်လို့သတ်မှတ်ပြီးတော့ဖမ်းတယ် မရှိမဲ့ရှိမဲ့ထဲကပေးနေကြရတယ်လို့သိရပါတယ် အခုဆိုရင် PDF တွေဝင်လာတိုင်းတိုက်ပွဲဖြစ် တိုက်ပွဲဖြစ်တော့ရွာလုံးကျွတ်တွေပြေးကြရတယ် နေရထိုင်ရတာအဆင်မပြေပါဘူးလို့ကလေးမြို့နယ်ထဲကပြည်သူတစ်ဦးမှရင်ဖွင့်လာပါတယ် ဖြစ်နိုင်ရင်စစ်တပ်နဲ့ရွာပြင်မှာချကြပါပေါ့ ရွာထဲမှာတိုက်ပွဲမဖန်တီးပါနဲ့လို့ပြောလာပါတယ်*** PO ” စသည်ဖြင့် ရေးသားပြီး “NA Jitt”အမည်နဲ့ […]
Continue Reading