Fact Check: တော်လှန်ရေးအင်အားစုတွေက ကလေးစစ်သားစုဆောင်းနေတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

တော်လှန်ရေးအင်အားစုတွေက ကလေးစစ်သားစုဆောင်းနေတဲ့ သက်သေလို့ဆိုပြီး ဓာတ်ပုံပို့စ်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေနေတာဟာ သတင်းမှားသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်ပို့စ်တခုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ကလေးငယ်မျာကိုပါ လူသစ်စုဆောင်း တိုက်ပွဲအတွင်း အသုံးချမှုများ လုပ်လာတဲ့ စစ်သွေးကြွး အကြမ်းဖက်သူပုန်များရဲ့ လုပ်ရပ်သက်သေ#BN”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ အတွင်းက တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတခုကို ဝင်တိုက်စဉ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ်၊ ဂျာယန်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူ့စစ်စခန်း ကို စီးနင်းသိမ်းပိုက်ပြီး ပြည်သူ့စစ်အဖြစ် စုဆောင်းခံထားရတဲ့ တအာင်းလူမျုး ၁၂၇ […]

Continue Reading