Fact Check: ရန်ပုံငွေ ရှာဖွေနေသူတွေကို ဝေဖန်မှု ထိထိရောက်‌ရောက် အရေးယူမယ်လို့  ဦးရည်မွန်ပြောတဲ့ သတင်းတု

ရန်ပုံငွေ ရှာဖွေနေသူတွေကို ဝေဖန်မှု ထိထိရောက်‌ရောက် အရေးယူမယ်လို့  အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတဲ့အကြောင်း ဖေ့စ်ဘွတ်မှာ ပို့စ်တခု ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာဖြန့်ဝေထားတဲ့  ဓာတ်ပုံပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဓာတ်ပုံနဲ့အတူ ဓာတ်ပုံပို့စ်တခုအဖြစ် မျှဝေထားတာဖြစ်တယ်။ “တော်လှန်ရေးရန်ပုံငွေ ရှာဖွေရေးနဲ့ ပတ်သက်ပြီး မအိပန်ဆယ်လိုနဲ့ ထောက်ပို့တပ်သားများကို ဝေဖန်‌ရေးသား တိုက်ခိုက်နေသည့် မည်သူကိုမဆို အကြမ်းဖက်စစ်ကောင်စီကို အားပေးရာရောက်သဖြင့် ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားဖို့ရှိပါတယ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီလိုပြောဆိုချက်ကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မတွေ့ရပါဘူး။ ဒီလိုပဲ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ဖေ့စ်ဘွတ်မှာလည်း မတွေ့ရပါဘူး။ ဒီလိုဖော်ပြထားတဲ့ ပို့စ်ပိုင်ရှင်ရဲ့ […]

Continue Reading