Fact Check: လွိုင်ကော်တက္ကသိုလ် ဆရာ၊ဆရာမ တွေကို ပြန်လွှတ်ပေးဖို့ KNDF ကို NUG ကာကွယ်ရေးဝန်ကြီးဌာနတောင်းဆိုတဲ့ စာအတု
လွိုင်ကော်တက္ကသိုလ် ဆရာ၊ဆရာမ တွေကို ပြန်လွှတ်ပေးဖို့ KNDF ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဌာန ထုတ်ပြန်တောင်းဆိုတဲ့ စာအတု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တော့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီလိုစာထုတ်ခဲ့ခြင်းမရှိတာတွေ့ရပါတယ်။ တူညီတဲ့ ရေးသား မျှဝေမှုကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ဒီမှာကြည့်ပါ။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကရင်နီဒေသ မြို့တော် လွိုင်ကော်တက္ကသိုလ်နဲ့ ဒီလိုမျိုးထုတ်ပြန်ကြေညာချက် တစုံတရာမရှိပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အပြိုင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက ကရင်နီဒေသမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစုတွေက “၁၁၁၁”စစ်ဆင်ရေးအဖြစ် ပြည်နယ်မြို့တော် လွိုင်ကော် ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးပမ်းနေရာမှာ မြို့ထဲက […]
Continue Reading