Fact Check: ကာတာအသင်း ကမ္ဘာ့ဖလားကစောစောစီးစီးထွက်ခဲ့ရလို့ ကာတာဘုရင် စိတ်ပျက် လက်ပျက်ထိုင်နေတဲ့ပုံလား-မဟုတ်ပါ
ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ပေမဲ့ ကာတာအသင်းဟာ အုပ်စုအဆင့်က နေပဲထွက်ခဲ့ရပြီးနောက် ကာတာဘုရင်ဟာ စိတ်ပျက်လက်ပျက်နဲ့ ဘောလုံးကွင်းထဲမှာ ထိုင်နေပုံ အဖြစ် ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သရော်ထားတဲ့ပို့စ်သာဖြစ်ပါတယ်။ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဆော်ဒီအာရေးဗီးယားကလပ် Al-Nassr အသင်းမန်နေဂျာရဲ့ ဓာတ်ပုံဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းက ဓာတ်ပုံဖြစ်ပါတယ်။ “ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ သော်လည်း အုပ်စုမှ အစောဆုံး ထွက်ခဲ့ ရပြိးနောက် ကာတာဘုရင် အခြေအနေ”လို့ ရေးသားပြီး “Soccer 88 Sports News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၃၀ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၇၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link […]
Continue Reading