Fact Check: ပဟဠိဖြေဆိုနိုင်သူတွေကို ကိုကာကိုလာက ကားသစ် ၂ စီးပေးနေတယ် ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာအတု
ပဟဠိဖြေဆိုနိုင်သူတွေကို ကားသစ် ၂ စီးပေးနေတယ်ဆိုပြီး ပို့စ်တခုမျှဝေလာတဲ့ ကိုကာကိုလာအမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နာမည်ကြီး ကိုကာကိုလာ အချိုရည်ကုမ္ပဏီအမှတ်တံဆိပ်အသုံးပြုပြီး ထင်ယောင်ထင်မှားဖြစ်ဖွယ် စာမျက်နှာတု ဖန်တီးထားခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။ “ယနေ့အထိ၊ 69 မှလွဲ၍ အခြားနံပါတ်တစ်ခုကိုမျှမတွေ့ရသေးပါ။ အနိုင်ရသူမရှိသေးပါ။ 2 Toyota Fortuner သည် လက်လှမ်းမီဆဲဖြစ်သည်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ကိုကာကိုလာကုမ္ပဏီရဲ့ တရားဝင်စာမျက်နှာကို ဒီမှာကြည့်ပါ။ အခုလိုမျိုး ကြော်ငြာ တစုံတရာမရှိပါဘူး။ အခု ဒီစာမျက်နှာအတုကို လေ့လာကြည့်ရာမှာ ကိုကာကိုလာရဲ့ အမှတ်တံဆိပ်ကို အသုံးပြုပြီး ကိုကာကိုလာကုမ္ပဏီနဲ့ သက်ဆိုင်သယောင်အတုအပပြုလုပ်ထားတဲ့ စာမျက်နှာသာဖြစ်တယ်။ စာမျက်နှာဟာ ဩဂုတ် […]
Continue Reading