Fact Check: ဒါရိုက်တာကိုပေါက် အမေရိကားကိုသွားပြီဆိုတဲ့သတင်းမှား
ဒါရိုက်တာကိုပေါက်တစ်ယောက် အမေရိကားကိုရောက်သွားပြီဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “တာ့တာ…pdf.တို့ရေ… ငပေါက်..US.ကိုထိုင်းမလေးလမ်းကလစ်သွားပြီ မလေးကတဆင့်US.ဖလိုက်နဲ့.go.သွား.. သနားတယ်..စဖိုမှူးငပေါက်..လက်ရာ..နာနတ်သီးပုဇွန်ပေါင်း..ငပွတွေလျှာလည်သွားတာဖြစ်မယ်… Sittway Thitsar @ကရင်ပြည်နယ်”လို့ ရေးသားထားပြီး “Min Thwe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းရေးသားမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အနုပညာရှင်တွေထဲမှာ ဒါရိုက်တာကိုပေါက်ဟာ ထင်ရှားပါတယ်။ တကယ် တော့ ဒီလိုသတင်းမှားတွေဖြန့်မလာခင်က ၂၀၂၂ ခုနှစ် ဇွန် ၅ ရက်ကတည်းက ဒါရိုက်တာကိုပေါက်က သူ့အနေနဲ့ အမေရိကား ကိုရောက်နေတာမဟုတ်ကြောင်းသူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကတစ်ဆင့် ရှင်းလင်းထားပါတယ်။ “အော် လူတွေ လူတွေ မစ္စျရိယစိတ်တွေ ဘယ်လောက်များကြသလဲဆိုတော့ ဟိုတစ်လောက အမေရိကန်ကလုပ်တဲ့ […]
Continue Reading