COVID-19 လူနာအမှတ် ၁၀၆၁ ပတ်သက်တဲ့သတင်းမှားပျံ့နှံ့

COVID-19 တကျော့ပြန်ဖြစ်ပွားလာမှုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစပ်ပျံ့နှံ့မှုအများဆုံးဖြစ်ခဲ့တဲ့ သင်္ဃန်းကျွန်မြိုနယ်မှာ ကူးစက်ခံရမှုအများစုဟာ Music Zone KTV နဲ့လည်း စပ်ဆပ်နေတာတွေ့ရပြီး အဲဒီအထဲမှာ လူနာအမှတ် ၁၀၆၁ ကတစ်ဆင့်နောက်ထပ် လူနာ ၈၀ ကျော်အထိ ကူးစက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Music Zone က case 1061 အဖြစ်ဖော်ပြနေတဲ့ အမျိုးသမီးငယ်ဓာတ်ပုံနဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာပျံ့နှံ့လျက်ရှိပါတယ်။ FB Link Achive Link အလားတူပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီလိုမျှဝေနေတာနဲ့ ပတ်သက်ပြီး ဓာတ်ပုံ မူရင်းပိုင်ရှင်က အောက်ပါအတိုင်း ပြန်လည်ရှင်းလင်းထားတာ တွေ့ရပါတယ်။ “#သတင်းအမှားပါ  #တရားစွဲမှာပါ_၆၆ဃနဲ့_သတင်းအမှားကိုတင်တဲ့သူမှန်သမျှ ညီမပုံနဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး ညီမ ဂုဏ်သိက္ခာကျအောင် တင်လိုက်တဲ့ post […]

Continue Reading

အီရတ်မှာ မိသားစုဝင် ၁၅ ဦး နာရီပိုင်းခြားပြီး သေဆုံးမှုမြင်ကွင်းလား

သင်္ချိုင်းတစ်ခုမှာ အဖြူရောင်အစနဲ့ ဖုံးအုပ်ထားတဲ့ အလောင်းတွေကို အီရတ်နိုင်ငံက မိသားစုဝင်၁၅ယောက်လုံး နာရီခြားပြီး သေဆုံးမှုအဖြစ်ဖော်ပြနေတဲ့ပို့စ် လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ကိုဗစ် ဒုတိယလှိုင်း မျိုးရိုးဗီဇ ပိုမိုပြင်းထန်လာနေပြီ အီရတ်နိုင်ငံက မိသားစုဝင် တယောက်ကနေ တအိမ်သား လုံးကူးစက်ပြီး၅ရက်အကြာ ဝေဒနာပြင်းထန်စွာခံစားရပြီး မိသားစုဝင်၁၅ယောက်လုံး နာရီခြားစီ သေဆုံးခဲ့ သောမြင်ကွင်းပါ မြန်မာပြည်အနေနဲ့မပေါ့ဆကြပဲ ရောဂါကူးစက်မှုမရှိအောင် ကာကွယ်ကြဖို့ လိုနေပါပြီ” လို့ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားတတွေ့ရပါတယ်။ Fb link Archive link အလားတူပို့စ်ကို ဒီနေရာ နဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ ဒီလိုမျိုး ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်မျိုးဖြစ်နိုင်ပါသလား။ ဖြစ်နိုင်တာတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေက မိသားစု ၁၅ ဦးနာရီပိုင်းခြားပြီးသေဆုံးခဲ့ပုံတွေလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် မိသားစုဝင် ၁၅ ဦးနာရီပိုင်းခြားသေဆုံးခဲ့တယ်ဆိုတဲ့ ဒီပို့စ်မှာ မျှဝေနေတဲ့ […]

Continue Reading