Fact Check: ဗီယက်နမ်မှာ လက်ဖက်ရည်ထဲမှာ သံပုရာရည်ထည့်သောက်တဲ့အတွက် ကိုဗစ်ဗိုင်းရပ်စ်နဲ့ သေဆုံးသူမရှိဆိုတဲ့ သတင်းမှား
ဗီယက်နမ်မှာ လက်ဖက်ရည်နဲ့ သံပုရာရည်သောက်တဲ့အတွက် ဗိုင်းရပ်စ်အသစ်(ကိုဗစ်-၁၉)ကြောင့် သေဆုံး သူမရှိဘူးလို့ ရေးသားပြီး သတင်းမှားတစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေလျှက်ရှိပါတယ်။ အမှန်တကယ်မှာ ဗီယက်နမ်နိုင်ငံမှာ ဇူလိုင် ၂၁ ရက်အထိ ကိုဗစ်ကြောင့် သေဆုံးမှုအရေအတွက် ၃၃၄ ယောက်ရှိပြီး လက်ဖက်ရည်နဲ့ သံပုရာရောသောက်တာဟာ ကိုဗစ်ကို ကာကွယ်နိုင် ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ “အခုဗိုင်းရပ်စ်အသစ်မှာ သေဆုံးသူလုံးဝမရှိတဲ့ ဗီယက်နမ်နိုင်ငံမှ ဆေးနည်းကောင်း”လို့ ခေါင်းစဉ်တပ်ထားပြီး တူညီစွာရေးသားမျှဝေထားတဲ့ သက်ဆိုင်ရာဝက်ဘ်ဆိုဒ်စာမျက်နှာအသီးသီးကို ဖေ့စ်ဘွတ်အသုံးပြုသူတွေက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဝက်ဘ်ဆိုဒ်စာမျက်နှာက သတင်းကို ဝင်ရောက်ဖတ်ရှု့မယ်ဆိုရင် “Vietnam ဗီယက်နမ်နိုင်ငံတွင် ဗိုင်းရပ်စ်သစ် သည်သေဆုံးနှုန်းလုံးဝသုညရှိသည်။သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာလူများသည်စူပါနိုင်ငံဗီယက်နမ်၏လျှို့ဝှက်ချက်ကိုရရှိခဲ့ကြသည်။ သင်သည် ဗိုင်းရပ်စ်အသစ်နှင့်အတူကူးစက်ရင်တောင်သေမှာမဟုတ်သည်မှာ သေချာသည်။ အချက်အလက်များစွာကဖော်ပြချက်သည်အလွန်ရိုးရှင်းသည်ဟုသက်သေပြသလိုလည်းအထူးသဖြင့်ထိရောက်မှုရှိသည်။ အပြည်ပြည်ဆိုင်ရာစူပါကုထုံး၏လျှို့ဝှက်ပုံသေနည်းမှာအောက်ပါအတိုင်းဖြစ်သည် – ၁။ လက်ဖက်ရည်ကြမ်းကိုရေပွက်ပွက်ဆူတွင်ပြုလုပ်ပါ။ ၂။ သံပုရာဖျော်ရည်ကိုရောစပ်ပြီးနောက်လက်ဖက်ရည်ပူသောက်ပါ။ ၃။ ဤလျှို့ဝှက်ချက်သည် ဗိုင်းရပ်စ်သစ်ကိုချက်ချင်းသေစေနိုင်သည်။ […]
Continue Reading