Fact Check: စစ်ခေါင်းဆောင်သေမယ့်ရက်ပြောလို့ ကိုရင်လေး ဖမ်းဝရမ်းထုတ်ဆိုတဲ့ သတင်းတု 

စစ်ခေါင်းဆောင်သေမယ့်ရက်ပြောလို့ အသက်ငယ်ငယ်နဲ့ တရားဟောတာကောင်းတယ်လို့ လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ကိုယ်ရင်လေးကို ဖမ်းဝရမ်းထုတ်ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ကြေညာတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ မတ် ၂၅ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃သိန်းဝန်းကျင် ရှိထားပြီဖြစ် တယ်။ အလားတူ ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Channel P”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ သတင်း ခေါင်းစဉ်လွဲတပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို […]

Continue Reading