Fact Check: ကုန်ဈေးနှုန်းတက်လို့ အလှူငွေမရတော့ဘူးလို့ ဒေါက်တာဆာဆာပြော ဆိုတဲ့ သတင်းတု
ကုန်ဈေးနှုန်းများတက်လာခြင်းနဲ့ စားဝတ်နေရေးအဆင်မပြေမှုတွေကြောင့် NUG အတွက် အလှူငွေဖို့ရဖို့ခက်ခဲ နေပြီး ဒေါက်တာဆာဆာကလည်း နိုင်ငံတကာက အထောက်အပံ့တစ်ပြားတစ်ချပ်မှ မရဘူးလို့ဖွင့်ဟလာတယ် ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ဩဂုတ် ၁၂ ရက်က “အောင်စစ်သည်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ရေးသား မျှဝေထားတဲ့ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၅၂၀ ရှိထားသလို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း ပြန်လည်ကူးယူးဖြန့်ဝေခဲ့ကြတာတွေ့ရပါတယ်။ “ရော့… အဲ့မှာ တစ်ကွက် ကုန်ဈေးနှုန်းများ တက်လာခြင်းနှင့် စားဝတ်နေရေးအဆင်မပြေမှုများကြောင့် NUG အတွက် အလှူငွေရရှိရန်ခက်ခဲနေ နေပြည်တော် ဩဂုတ် ၁၂၊ ၂၀၂၂ နိုင်ငံတွင်း နေ့စဉ်တက်နေသော ကုန်ဈေးနှုန်းနှင့် အလှူရှင်များ၏ စားဝတ်နေရေး ခက်ခဲမှုများကြောင့် NUG ဘဏ္ဍာရေးဌာန အလွန်အကြပ်ရိုက်နေသည်ဟု သိရှိရသည်။ ထို့အပြင် ဒေါက်တာ ဆာဆာ […]
Continue Reading