Fact Check: မြန်မာနိုင်ငံကို R2P ဝင်ဖို့အတည်ပြုဆိုတဲ့ သတင်းမှား

မြန်မာပြည်သူတွေကို ကုလသမဂ္ဂအနေနဲ့ စစ်‌ရေးအရအကာအကွယ်ပေးဖို့(R2P) အတည်ပြုလိုက်ပြီလို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ယခုရက်ပိုင်းပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။  ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်တစ်ခုမှာ “R2Pဝင်မယ့်ကိစ္စ US ဗိုလ်ချုပ်ကြီး ဒေါ်မီမီဝင်းဘတ် အတည်ပြုပြီ”လို့ စသည် ဖြင့် ရေးသားပြီး“90MO TV”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုတွေကို  ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  “90MO TV”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကပဲ အခြား‌‌သောဗွီဒီယိုတစ်ခုမှာတော့ ကုလသမဂ္ဂမှာနိုင်ငံ‌ပေါင်း ၉၀ ကျော်က မြန်မာနိုင်ငံကို R2P ဝင်ဖို့အတွက် အတည်ပြုလိုက်ပြီလို့ရေးသားထားပါသေးတယ်။ အချက်အလက်စိစစ်ချက် မြန်မာပြည်သူတွေဟာ မြန်မာစစ်တပ်ရဲ့ လူသားတွေအ‌ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုလိုမျိုးကို အရေးယူနိုင်ဖို့အတွက် ကုလသမဂ္ဂက R2P မျိုးအစီအစဉ်တွေ၊ No […]

Continue Reading