Fact Check: ကျပ် ငါးထောင်တန်များကို ငွေမဲအဖြစ်ကြေငြာတယ်ဆိုတာ မဟုတ်ပါ
မြန်မာငွေ ငါးထောင်တန်များကို ငွေမဲ အဖြစ် ဗဟိုဘဏ် ကြေငြာလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေက သတင်းကြေညာသူ ၂ ဦးရဲ့ဓာတ်ပုံပေါ်မှာ “မြန်မာငွေ ငါးထောင်တန် များကို ငွေမဲ အဖြစ် ဗဟိုဘဏ် ကြေငြာ”လို့ စာတန်းထိုးထားပြီး ဖေဖော်ဝါရီ ၂၅ ရက်က အောက်ပါအတိုင်း ဖေ့စ်ဘွတ်မှာပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ မျှဝေထားတဲ့လင့်ခ်ကို နှိပ်ကြည့်ရာမှာ Love daily အမည်နဲ့ ဘလော့ဂ်ဝက်ဘ်ဆိုဒ်စာမျက်နှာကို ရောက်ရှိသွားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်တွေကို ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။ ယခုရက်ပိုင်းအတွင်းမှာ ကျပ် ၅၀၀၀ တန်တွေကို ငွေမဲကြေညာတဲ့ […]
Continue Reading