Fact Check: ကျိုက်ထီးရိုးပစ်ခတ်မှုမှာ ပြည်သူတွေထိခိုက်သေဆုံးခဲ့ရမှု NUG တောင်းပန် ဆိုတဲ့သတင်းတု

ကျိုက်ထီးရိုး ကင်မွန်းစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ PDF တွေပစ်ခတ်မှုမှာ ဘုရားဖူး ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအတွက် ဝမ်းနည်းကြောင်း NUG က ထုတ်ပြန်ချက်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားဖြန့်ဝေနေတာဟာ သတင်းတုဖြစ်ပါတယ်။ ဖြန့်ဝေလျှက်ရှိတဲ့ ထုတ်ပြန်ချက်ဓာတ်ပုံစာသားထဲမှာ အချက်သုံးချက်ပါဝင်ပြီး အောက်ပါအတိုင်းရေးသား ထားပါတယ်။  “၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့တွင် မိမိတို့အမျိုးသားညီညွှတ်ရေးအစိုးရလက်အောက်ရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့သည် ကျိုက်ထိုမြို့ ကင်မွန်းစခန်း တောင်တက်ကားဂိတ် အနီးတွင် အကြမ်းဖက်စစ်ကောင်စီတက်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။  ၂။ ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် မိမိတို့ဘက်မှ မဟာမိတ်ပူးပေါင်းအဖွဲ့တို့၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အနီးဝန်းကျင်တွင်ရောက်ရှိနေသော ဘုရားဖူးပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ ၃။မိမိတို့ အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်ရာတွင် ဘုရားဖူးမိဘပြည်သူများ ထိခိုက်ခဲ့မှုအတွက် အထူးပင်ဝမ်းနည်းကြေကွဲရပါသည်။” စသည်ဖြင့်ပါဝင်ပါတယ်။ “Thar […]

Continue Reading