Fact Check:  ကျောက်ဖြူက တရုတ်ပိုက်လိုင်းကို AA ဖောက်ခွဲတဲ့ သတင်းတု

မြောက်ဦးဆေးရုံးဗုံးကြဲတိုက်ခိုက်မှုကို လက်စားချေတဲ့အနေနဲ့ အာရက္ခတပ်တော်(AA)က  — ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “ကျောက်ဖြူ ပိုက်လိုင်း ပြာကျ မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ ။ မြောက်ဦးဗုံးကြဲမှု AA လက်စားချေလိုက်ပြီဟေ့” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာန အမည်နာမကို တုပထားပြီး သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး အချက်အလက်စိစစ်ချက်ထားတာကို  ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ကျောက်ဖြူက […]

Continue Reading

Fact Check: ကျောက်ဖြူတိုက်ပွဲမှာ လေယာဉ် ၂ စီး AA ပစ်ချဆိုတဲ့ သတင်းတု

ကျောက်ဖြူတိုက်ပွဲမှာ အာရက္ခတပ်တော်(AA)က  မြန်မာစစ်တပ် လေယာဉ် ၂ စီးပစ်ချလိုက်တယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “လေယာဉ်(၂)စီး အေအေ ထပ်မံ ပစ်ချ အထိနာနေတဲ့ ကျောက်ဖြူတိုက်ပွဲ စစ်ကူလာတဲ့ လေယာဉ်(၂)စီး အေအေ ပစ်ချ၊ လေယာဉ်မှူးအလောင်း(၂)ဦးလုံး အလောင်း‌ပျောက်” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: ကျောက်ဖြူကို AA သိမ်းလိုက်ပြီဆိုတဲ့ သတင်းမှား

ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။ ကျောက်ဖြူမှာ စစ်တပ်နဲ့ AA အကြားတကျော့ပြန်တိုက်ပွဲ ပြင်းထန်လာနေပေမဲ့ မြို့ကို သိမ်းပိုက်ရရှိပြီဆိုတဲ အထောက်အထားမရှိပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ကျောက်ဖြူမြို့ကျသွားပြီ အမေရိကန် တပ်ဖွဲ့ ရာချီရောက်နေကြောင်း သတင်း တွေထွက်ပေါ်၊ AA တပ်တော် အောင်ပွဲခံနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ […]

Continue Reading