Fact Check: ဒီဗွီဒီယိုက ဘန်ကောက်ကျောင်းကားမီးလောင်မှုနဲ့ ပတ်သက်ခြင်းမရှိပါ
ဘန်ကောက်မြို့စွန်မှာ ကျောင်းကားတစီးမီးလောင်မှု အဖြစ်ဆိုးမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေရဲ့ နောက်ဆုံးအချိန်မတိုင်မီ ပျော်ရွှင်စွာ သီချင်းသီဆိုမှု ဗွီဒီယိုအဖြစ် ဖေ့စ်ဘွတ်မှာပို့စ်တွေ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ ဒီဗွီဒီယိုတွေဟာ အောက်တိုဘာ ၁ ရက်က ဘန်ကောက်မြို့စွန်မှာ ကျောင်းကားမီးလောင်မှုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိတာတာတွေ့ရတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ ဗွီဒီယိုထဲမှာ အပြာနဲ့ ပန်းရောင်စပ်ကြား တူညီဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ မူလတန်းအရွယ်ကလေးတွေဟာ ပျော်ရွှင်စွာ သီဆိုကခုန်နေကြတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “သနားလိုက်တာ ခလေးတို့ရယ် ဘယ်လောက်တောင် ပူလိုက်မလဲနော်” မူရင်းလင်ခ့် – Fb link | Archive link နောက်ထပ် ဗွီဒီယိုတခုမှာတော့ နက်ပြာရောင်နဲ့ ကော်လံအဖြူစပ်ထားတဲ့ တူညီဝတ်စုံနဲ့ ကလေးတွေဟာ အောက်တိုဘာ ၁ ရက်က […]
Continue Reading