Fact Check: လားရှိုးမှာ ကလေးတွေ လက်နက်ကိုင်ကျောင်းတက်ရတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

လားရှိုးမှာ ကလေးသူငယ်တွေ လက်နက်ကိုင်ကျောင်းတက်ရတဲ့ ဓာတ်ပုံလို့ဆိုလိုထားပြီး ဓာတ်ပုံတခု ဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဆိုင်ကယ်တစီးပေါ်မှာ ကလေး ၂ ယောက် ဆိုင်ကယ် စီးသွားတာကိုရိုက်ကူးထားပြီး နောက်ခုံမှာထိုင်နေတဲ့ကလေးဟာ သေနတ် ၂ လက်ကိုင်ထားတာကို ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ် ချက်ဖြစ်ပါတယ်။  “လားရှိုးမြို့လို့ပြောတဲ့ FB ဓါတ်ပုံတွေထဲမှာဒီပုံဟာအထူးခြားဆုံးဘဲ ..  ဟုတ်ရောဟုတ်ပါ့မလား.. အရုပ်သေနတ်လေးတွေဖြစ်မှာပါ..😟” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မတ်လ ဝန်းကျင်ကတည်းက အခြားသော ဘာသာစကားအသုံးပြုတွေ အကြားမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။  ဒီဓာတ်ပုံရိုက်ကူးထားတဲ့နေရာဟာ […]

Continue Reading