Fact Check: ကြက်ဥ၊ဘဲဥအတုပြုလုပ်တဲ့ ဗွီဒီယိုလား- မဟုတ်ပါ

ကြက်ဥ၊ဘဲဥအတုပြုလုပ်နိုင်နေပြီဖြစ်တာကြောင့် ဈေးကွက်အတွင်းမှာလည်း ပျံ့နှံ့လျှက်ရှိတယ်လို့ ဆိုတာတဲ့ ဗွီဒီယိုပို့စ်တွေ ယခုရက်ပိုင်း အွန်လိုင်းမှာပျံ့နှံ့လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကြက်ဥ အတုကို အခုလို လုပ်ကြပါတယ်” မူရင်းလင်ခ့် – Fb link  | Archive link အလားရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ကြက်ဥ/ ဘဲဥအတု အမေရိကန်ဈေးကွက်ထဲ ပျံ့နှံနေ” မူရင်းလင်ခ့် – Telegram link  | Archive link အချက်အလက်စိစစ်ချက် ပြီးခဲ့တဲ့ နှစ်များအတွင်း ဒီဗွီဒီယိုတွေဟာ ‌ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်များစွာ ဒီလိုပဲ ကြက်ဥအတု ထုတ်လုပ် ဖြန့်ချိရေး လုပ်ငန်းတခုအဖြစ် ကြိမ်ဖန်များစွာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ဖူးပါတယ်။ သို့သော်လည်း […]

Continue Reading