Fact Check: ဧပြီလမှာ စစ်ခေါင်းဆောင်အနားယူမယ်ဆိုတဲ့ သတင်းတု

ဧပြီလထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူတော့မယ်လို့ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို တခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၀ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၅ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၃ သိန်းခွဲရှိထားပါတယ်။ “ကမ္ဘာကပါ လန့်သွားရတဲ့ မင်းအောင်လှိုင်ရဲ့ ကြေငြာချက်ကြီး ၄လပိုင်းမှာ ပင်စင်ယူတော့မယ်” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဒီလိုရေးသားဖော်ပြချက်မတွေ့ရပါဘူး။  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့  Naypudaw Khit Thit Radio ကိုလေ့လာကြည့်ရာမှာ လူမှုကွန်ယက်မှာ အထူးသဖြင့် ဖေ့စ်ဘွတ်အသုံးပြုသူတွေရေးသားတဲ့ […]

Continue Reading

Fact Check: NUG သမ္မတ အရေးပေါ်ကြေညာ၊ပစ်မိန့်ပေးထားလို့အိမ်ပြင်မထွက်ဖို့ သတိပေးဆိုတဲ့ သတင်းခေါင်းစဉ်တု

နိုဝင်ဘာ ၂၅ ရက်မှာ NUG သမ္မတက အရေးပေါ်ကြေညာပြီး ပစ်မိန့်ပေးပြီမို့ လုံးဝ အိမ်ပြင်မထွက်ကြပါနဲ့ဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ဧရာဝတီသတင်းဌာန ကဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကို ဗွီဒီယိုပုံစံပြုလုပ်ပြီး သတင်းခေါင်းစဉ်တုနဲ့ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “အရေးပေါ်အမိန့်ပေးပြီ”လို့ ရေးသားပြီး “Meakha” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေ ထားတာတွေ့ရပါတယ်။ “၂၅ ရက် NUသမ္မတ အရေးပေါ် ကြေညာပြီး ပစ်မိန့်ပေးပြီမို့ လုံးဝ အိမ်ပြင် မထွက် ကြပါနဲ့”လို့လည်း ဗွီဒီယိုအဖွင့်မှာပြသတဲ့ဓာတ်ပုံစာသားထဲမှာရေးသားထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုရဲ့အဖွင့်မှာ NUG သမ္မတက အရေးပေါ်ကြေညာချက်ထုတ်ပြန်၊ ပစ်မိန့်ပေးထားလို့ အပြင်မထွက်ဖို့ စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုပါအကြောင်းအရာ ဒီသတင်းခေါင်းစဉ်နဲ့ တစ်စုံတစ်ရာ […]

Continue Reading