Fact Check: ဆရာဝန် စာရေးဆရာ ဒေါက်တာခင်သစ်နှင်း ဓာတ်ပုံတွေလား-မဟုတ်ပါ

အက်စစ်နဲ့ပက်ပြီးလုပ်ကြံခံခဲ့ရလို့  မျက်နှာ ပျက်စီးသွားခဲ့ရတဲ့ ဆရာဝန် စာရေးဆရာမ ဒေါက်တာခင်သစ်နှင်းရဲ့ အဖြစ်အပျက်အဖြစ် ဓာတ်ပုံအချို့နဲ့အတူ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက် ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ အက်စစ်နဲ့ အပက်ခံရလို့ မျက်နှာပျက်စီးခဲ့တဲ့ အမျိုးသမီးတယောက်ဓာတ်ပုံ၊ ဒီလို ထိခိုက်ခံစားရခြင်းမရှိခင်က ဓာတ်ပုံလို့ ဆိုနိုင်တဲ့ အမျိုးသမီးတယောက် ဓာတ်ပုံ၊ စာရေးဆရာမခင်သစ်နှင်းရဲ့ စာအုပ်မိတ်ဆက် ဓာတ်ပုံတို့လည်း ပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကောင်းလွန်းလို့ပြန်တင်တာပါ ကျနော်တို့မျက်ဝန်းထဲမှာ လှပနေဆဲပါ_ဒေါက်တာ ဒီဘဝနောက်ဆုံးဖြစ်ပါစေ…။ ဘဝ ရည်မှန်းချက်ကြီးမားခဲ့တဲ့ ဒေါက်တာ ခင်သစ်နှင်းဟာ ကလေးအထူးကု ဆရာဝန် ဖြစ်လုလု နှစ်လခန့် အလိုမှာ တခြား ဆရာဝန် မတယောက်က မျက်နှာကို အက်စစ်နဲ့ ပက်တာခံလိုက်ရပြီး အမြင် အာရုံ ကွယ်ပျောက် ရုံမက နဖူးရဲ့ […]

Continue Reading