Fact Check: ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းကို စစ်ကူလာပို့တဲ့ ရဟတ်ယာဉ်ကို AA ပစ်ချတဲ့ သတင်းတု

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ခမရ ၅၅၀ တပ်ရင်းကို စစ်ကူလာပို့တဲ့ စစ်သား ၆၀ ပါတဲ့ ရဟတ်ယာဉ်ကို ရက္ခိုင့်တပ်တော်(AA)ကပစ်ချ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၂ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃၇၀၀၀ ကျော်ရရှိ ထားတယ်။ “ပုဏ္ဏားကျွန်းခမရ(၅၅၀)တပ်ရင်းကို စစ်ကူလာပို့တဲ့ အင်အား(၆၀)ပါ ရဟတ်ယာဉ်ပစ်ချလိုက်ပြီ AA လေယာဉ်ပစ်တွေထုတ်သုံးပြီဟေ့ ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် Khit Thit Top News အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ […]

Continue Reading