Fact Check: ခရစ္စမတ်ကျင်းပနေတုန်း NUG သမ္မတ အဖမ်းခံရတဲ့ သတင်းတု

ခရစ္စမတ်ပွဲကျင်းပနေတုန်း NUG သမ္မတ ဒူးဝါးလရှီလ အဖမ်းခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုယူကျူ့ချန်နယ် တခုက ဖြန့်ဝေနေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဒီဇင်ဘာ ၂၅ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသား ကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “25/12/2024 Christmas ပွဲကျင်းပနေတုန်း NUGယာယီသမ္မတကြီးအဖမ်းခံရ အရေးပေါ်ဖဖြန့်ပေးကြပါဗျို့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။(ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။) အခုလည်း ဗွီဒီယိုထဲမှာ […]

Continue Reading