Fact Check: NLDပါတီရဲ့ချောင်းဆုံအမတ် ပညာအရည်ချင်းက တတိယတန်းပဲရှိတယ်လို့ သတင်းအမှားဖြန့်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေအဖွဲ့ချုပ် NLDပါတီကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိချိုသဲဟာ ပညာအရည်ချင်းလိမ်လည်တင်ပြခဲ့ကာ တကယ်က တတိယတန်းထိသာ တက်ရောက်ခဲ့ဖူးတာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားနေကြတာတွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်တွေမှာ “အရွေးချယ်ခံ ချောင်းဆုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ် ပညာအရည်အချင်းလိမ်လည်ထား”လို့ခေါင်းစဉ်တပ်ထားပြီး “၂၀၂၀ ရွေးကောက်ပွဲမှာ အရွေးချယ်ခံထားရတဲ့ ချောင်းဆုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိချိုသဲဟာ ပညာအရည်အချင်းလိမ်လည်ထားတယ်လို့ Aye Chan Moe ဆိုတဲ့အကောင့်ကနေ ထောက်ပြထားသလို ထောက်ပြသူတွေသူတွေထွက်ပေါ်လာပါတယ်။ ဒေါ်မိချိုသဲရဲ့ ပညာအရည်အချင်းဟာ ၃ တန်းသာနေရပြီး ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေူရွာမှာ ၂ လုံးထီ သုံးလုံးထီရောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် အိမ်ဖော်လုပ်ခဲ့ပြီး ကာဒရိုင်ဘာနဲ့ အိမ်ထောင်ကျခဲ့ကြောင်း၊ ၎င်းယောက်ကျား ရောဂါတစ်ခုနဲ့ ဆုံးပါးပြီး ကွမ်ရိုက်ကျေးရွာမှာ လာပြန်နေကြောင်း ထောက်ပြပြောဆိုထားသည်။…..”လို့ […]

Continue Reading