Fact Check: ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ်(၅၄) ပြန်ရောက်ပြီဆိုတဲ့ သတင်းတု

ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည်ပြန်ရောက်ပြီဆိုတဲ့ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့်ဝေလျှက်ရှိတာတွေ့ရပါတယ်။ သတင်းတုသတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “အမေစု ခြံအမှတ်(၅၄)ပြန်ရောက်ပီတဲ့#ကခုန်လို့ရပြီ”လို့ ရေးသားပြီး “Rambo new” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက ဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေမှုပေါင်း ၄၄၀၀ ရှိပါတယ်။ ဗွီဒီယိုအဖွင့် ရုပ်သေဓာတ်ပုံစာသားထဲမှာလည်း “အတည်ပြုပြီ (၉)ရက်နေ့ မင်းအောင်လှိုင် အမိန့်အတိုင်း အမေစု ပြန်လွတ် လာပြီတဲ့ ခြံအမှတ်(၅၄)မှာ လူထောင်ချီကြိုဆိုနေကြပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။  နိုဝင်ဘာ ၉ ရက်နေ့ကစတင်မျှဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ကြည့်ရှု့မှုပေါင်း ၈ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ထို့အပြင် ဒီစာမျက်နှာကပဲ “ခြံအမှတ် -၅၄ နေအိမ် အမေစုပြန်ရောက်ပြီဟု သူ့ရှေ့နေအတည်ပြုပြောကြား […]

Continue Reading