Fact Check: ဂျင်း၊ပျားရည်၊ ငရုပ်ကောင်းအတူသောက်ရင် ကိုဗစ်ပျောက်တယ်ဆိုတာ မဟုတ်ပါ

ဂျင်း၊ပျားရည်၊ ငရုပ်ကောင်းသောက်ရင် ကိုဗစ်-၁၉(COVID-19)ပျောက်တယ်လို့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြု ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ကိုဗစ်-၁၉ ရောဂါကို ငရုပ်ကောင်း ၁ ဇွန်း၊ ပျားရည် ၂ ဇွန်းနဲ့ ဂျင်းအရည် ၃ ဇွန်းရောပြီး ၅ ရက်ဆက်တိုက်သောက်မယ်ဆိုရင် ရောဂါ ပျောက်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization- WHO)ကအတည်ပြုထားတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီနည်းလမ်းကို အိန္ဒိယနိုင်ငံက ကျောင်းသားတစ်ယောက်က တွေ့တာလို့လည်းရေးသား ထားပါတယ်။ ဒီလိုမျှဝေနေတာဟာ မှားယွင်းပါတယ်။ လက်ရှိအချိန်အထိ ကိုဗစ်ကုသဆေးအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားခြင်းမရှိပါဘူး။ “အိန္ဒိယနိုင်ငံ မွမ်ဗိုင်းမြို့(ဘုံဘေ)မှ အထက်တန်းဆင့်ကျောင်းသားလေး၏ ကြိုးပမ်းချက်။ ကိုဗစ်19 ကြိုတင်ကာကွယ်ရန်အတွက်အိမ်သုံးဆေး (၁) ငြုပ်ကောင်း.. ၁ ဇွန်း (၂)  ပျားရည်…… ၂ ဇွန်း […]

Continue Reading