Fact Check: ဂျော့ဖလွိုင့်ရဲ့သားကို အမေရိကန်သမ္မတက ဒူးထောက်တောင်းပန်နေပုံ လား-မဟုတ်ပါ
လူမည်းကလေးတစ်ယောက်ရဲ့ ရှေ့မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ဒူးတောင်နေဟန်ပုံနှင့်တကွ သေဆုံး သွားတဲ့ ဂျော့ဖလွိုင့်(George Floyd)ရဲ့သားငယ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်(Joe Biden)က ဒူးထောက် တောင်းပန်နေပုံလို့ ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ အမေရိကန်သမ္မတရွေးကောက်ပွဲ ကာလအတွင်းပုံဖြစ်ပြီး ဂျိုးဘိုင်ဒန်ရှေ့က ကလေးဟာလည်း ဂျော့ဖလွိုင့်ရဲ့ သားမဟုတ်ပါဘူး။ “သေဆုံးသွားတဲ့ ဂျော့ဖလွိုင့် ရဲ့သားငယ် ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒူးထောက် တောင်းပန်တာပါ။ ပြောချင်တာက ဒီမိုကရေစီ စနစ်မှာပြည်သူကို ဘယ်လောက်ထိ လေးစားသလဲ ဆိုတာလေးပါ။ ဒီမိုကရေစီ စနစ် ရှင်သန်ထွန်းကား ပါစေကြောင်းပါ။ U.S president Joe Biden kneels down begging George Floyd’s son […]
Continue Reading