Fact Check: ကောင်းမှုတော်ဘုရားနဲ့ ဂြိုလ် ၆ လုံးတန်းတဲ့ဓာတ်ပုံလား- မဟုတ်ပါ

၁၈ နှစ်မှာတစ်ကြိမ်သာမြင်ရလေ့ရှိတဲ့ ဂြိုလ် ၅ လုံးတန်းဖြစ်စဉ်ဟာ မြန်မာဘာသာလူမှုကွန်ယက် အသုံးပြုသူ တွေအကြားမှာ ရေပန်းစားခဲ့ခေါင်းစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ စစ်ကိုင်း ကောင်းမှုတော်ဘုရား ထက်မှာ လနဲ့အတူ အခြားသော ဂြိုဟ် ၅ လုံးတန်းနေတဲ့ပုံကို ရိုက်ကူးထားတယ်လို့ဆိုတဲ့ ဓာတ်ပုံတစ်ပုံဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတစ်ပုံဖြစ် တာ တွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကိုအောက်ပါအတိုင်းတွေ့ရပါတယ်။ “ဂြိုလ်ကြီး (၆)လုံး ဖြစ်တဲ့…  Mercury, Venus ,Moon , Mars ,Jupiter ,Saturn  တန်း သွားချိန်… မနက် (2)နာရီ မှ  (5:10)ဓါတ်ပုံ ရရှိခဲ့။ စစ်ကိုင်း ကောင်းမှူတော်ဘုရား စိန်ဖူးတော် နှင့် Moon  ကပ်ရိုက်ထားတယ်လို့ သိရပါတယ် ဓါတ်ပုံ […]

Continue Reading