Fact Check: ထိုင်ဝမ်က ၁၀၁ ထပ်အဆောက်အဦးလှုပ်ရမ်းနေတဲ့ ဗွီဒီယိုဟာ တကယ် မဟုတ်ပါ

ထိုင်ဝမ်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့ အထပ် ၁၀၁ ထပ်ရှိတဲ့ Taipei 101 ဟာ စက်တင်ဘာ ၁၈ ရက်ငလျင်ကြောင့် လှုပ်ရမ်းနေတဲ့ပုံအဖြစ် ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ဒီဂျစ်တယ်နည်းလမ်းနဲ့ပြုပြင်ထားတဲ့ ဗွီဒီယိုသာဖြစ်ပြီး တကယ်မဟုတ်ဘူးလို့ ကုမ္ပဏီဘက်က တုံ့ပြန်ခဲ့ တာတွေ့ရပါတယ်။  Taipei 101 အဆောက်အဦးဟာ ၂၀၀၉ ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးဖြစ်ပြီး လက်ရှိအချိန်မှာလည်း ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ “ဒီနေ့ ငလျင်ကြောင့်ထိုင်ပေ (၁၀၁)ထပ်ကြီး ယိမ်းက နေတာ”လို့ ရေးသားပြီး “Tin MoeAye” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ကျွန်းနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ဟာ […]

Continue Reading

Fact Check: ဒီပုံတွေက ၂၀၁၈ ခုနှစ် ထိုင်ဝမ်ငလျင်က အပျက်အစီး ဓာတ်ပုံတွေဖြစ်တယ်

ထိုင်ဝမ် ၅ မိနစ်အတွင်း အင်အားပြင်းငလျင် ၃ ကြိမ်လှုပ်ခတ်ခဲ့ပြီးနောက် အပျက်အစီးတွေအဖြစ် အထပ်မြင့်တိုက် တွေယိုင်လဲနေတဲ့ဓာတ်ပုံ ၃ ပုံနှင့်အတူ ပို့စ်တစ်ခုကို မျှဝေထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ကြပါတယ်။ ထိုင်ဝမ်မှာ မြန်မာစံတော်ချိန် ၂၀၂၂ ခုနှစ် မတ် ၂၃ ရက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့တာမှန်ပေမဲ့  ဓာတ်ပုံတွေ က ၂၀၁၈ ခုနှစ် ငလျင်က ဓာတ်ပုံတွေဖြစ်တာတွေ့ပါတယ်။  “ထိုင်ဝမ် ၅ မိနစ်အတွင်း M6.9 / 6.1/ 5.7 အင်အားပြင်းငလျင် ၃ ကြိမ်လှုပ် ”လို့ရေးသားပြီး “Myanmar Journal”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှု အကြိမ်အရေအတွက် ၁ ထောင် ၂ ရာဝန်းကျင်ရှိပါတယ်။ […]

Continue Reading

Fact Check: ဇူလိုင် ၂၉ ရက်က ပြင်းအား ၈ ဒသမ ၂ ရှိတဲ့ အလက်စကာငလျင်အပြီး ပျက်စီးမှုဓာတ်ပုံလား- မဟုတ်ပါ

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ ဇူလိုင် ၂၉ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈ ဒသမ ၂ ရစ်ချ်တာ စကေးရှိတဲ့ ငလျင်က အပျက်အစီးအဖြစ် ထက်ပိုင်းကျိုးနေတဲ့ လမ်းမထက်မှာ ကားတစ်စီး ရပ်လျှက်တင်နေတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ် အလက်စကာငလျင်က ဓာတ်ပုံဖြစ်ပါတယ်။ အလက်စကာမှာ ရစ်တာစကေး ၈ ဒသမ ၂ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ကားတစ်စီးဟာ ထက်ပိုင်းကျိုးနေတဲ့ လမ်းပေါ်မှာ တင်ကျန်နေခဲ့တဲ့ပုံအဖြစ် “Win Htein” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၂၃၉ ကြိမ်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading