Fact Check: ဗဟိုဘဏ်ဗုံးဖောက်ခံရပြီး ပိုက်ဆံ သန်း ၁၀၀ မီးလောင်သွားတဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယို

စစ်ကောင်စီလက်အောက်က မြန်မာနိုင်ငံဗဟိုဘဏ် ဗုံးဖောက်ခံရမှုနဲ့ အတူ လက်ကျန် သန်း(၁၀၀) မီးထဲပါသွား တယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေထားတာ သတင်းမှား တခုသာ ဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ် ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ညက ဗဟိုဘဏ် ဗုံးဖောက်ခံရမှုနဲ့ အတူ လက်ကျန် သန်း(၁၀၀) မီးထဲပါသွား” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  အခုလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ကြည့်မယ်ဆိုရင် မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေတပ်ပြီ ပြန်လည်ဖြန့်ဝေ နေတာတွေ့ရပါတယ်။  အခု ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ယူကျူ့မှာယနေ့ ဖြန့်ဝေခဲ့တဲ့ “Khit […]

Continue Reading