Fact Check: ငွေအတုရောင်းတယ်ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို မယုံပါ 

ကျပ် တသောင်းတန်နဲ့ ကျပ် ငါးထောင်တန်အတုရောင်းတယ်လို့ ကြော်ငြာနေတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြား ဖြန့်ဝေနေတာ Fact Crescendo Myanmar အနေနဲ့ သတိပြုမိပါတယ်။ ငွေကြေးလိမ်လည်သူ တွေရဲ့ သားကောင် ရှာနည်းသာဖြစ်ပြီး တကယ်တမ်း ငွေအတုရောင်းဝယ်နေတာ မဟုတ်ပါဘူး။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ ငွေအစစ်နဲ့တူတဲ့ ငွေအတုဆိုပြီးတော့ ကြော်ငြာထားသလို အရည်အသွေးပိုင်းမှာ စိတ်ချရကြောင်းလည်း ပြောထားပြီး ဒီလို ခေတ်ကာလမကောင်းချိန်မို့သာ အွန်လိုင်းက ရောင်းရဲတာလို့လည်း ဆိုထားပါတယ်။  “အခုချိန်မျိုးမှာ မသုံးရဲရင် သုံးလို့ရမှာမဟုတ်ဘူး ခေတ်ကောင်းနေရင်လဲ ပို့တင်ပြီးပေါ်တင်မရောင်းရဲပါဘူး  အပြင်အဆက်သွယ်ကပဲ ရောင်းရဲတာပါ #ပစ္စည်းအရည်အသွေး #Quality #ကြာရိပ် #ဂျာမနီစက်ကူသား #ရောင်ပြန်ကြိုး မဂ်လာပါ မိတ်ဆွေ ငွေ အ-တုမှာယူချင်သူများ  […]

Continue Reading

Fact Check: ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန် စစ်ကောင်စီ ဖျက်သိမ်းမှု သတင်း‌ခေါင်း စဉ်တု

ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန် စစ်ကောင်စီ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာဖြန့်ဝေ နေတာတွေ့ရပြီး သတင်းမှားတခုသာဖြစ်တယ်။ ကျပ် ၅၀ တန်၊ ကျပ် ၁၀၀ တန်ဖျက်သိမ်းကြောင်းသတင်းဟာ မဟုတ်မှန်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ရဲ့ တုန့်ပြန်ချက်သတင်းကို သတင်းခေါင်း စဉ်တုတပ် ထားခြင်းဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “၅၀ကျပ်တန်နဲ့ ၁၀၀ကျပ်တန် ဖျက်လိုက်တဲ့ မင်းအောင်လှိုင် ဘာကြံနေလဲ။ အတိတ်နမိတ်တွေ မကောင်းတော့။” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ Global Media 1M အမည်နဲ့ ယူကျူ့ချန်နယ်ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့ မှာဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူပြီး နားလည်မှုလွဲစေနိုင်တဲ့ […]

Continue Reading

Fact Check: ကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်တန်ကိုဖျက်သိမ်းပြီး ၂ သောင်းတန် ထုတ်တဲ့သတင်းတု

ငွေကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်ကျပ်တန်တွေကို ဖျက်သိမ်းပြီး ၂ သောင်းကျပ်တန်တွေနဲ့ အစားထိုးမယ်၊ စစ်ကောင်စီထုတ်တဲ့ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူဖျက်သိမ်းခံရကြောင်း သတင်း ဌာနများက အတည်ပြုကြေညာ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှု အား ကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကျပ် ၁ သောင်း နဲ့ ကျပ် ၅ ထောင်တန်ကို ဖျက်သိမ်း၊ ကျပ် ၂ သောင်းတန်နဲ့ အစားထိုးမည်။ မင်းအောင်လှိုင် ကိုယ်တိုင် ကြေညာ”  လို့ ရေးသားထားပြီး “ကျပ် (၁)သောင်းနဲ့ကျပ် (၅)ထောင်တန်ကို ဖျက်သိမ်း/ (၂)သောင်းတန်ကျပ်နဲ့ အစားထိုးမည်” လို့ “News In […]

Continue Reading