Fact Check: မြန်မာလေတပ်တိုက်လေယာဉ်နဲ့ တိုက်မိတဲ့ငှက်လား-မဟုတ်ပါ
လေယာဉ်ကို ဝင်တိုက်ခဲ့တဲ့ PDF ငှက်ဆိုပြီး လေယာဉ်တောင်ပံအောက်ပိုင်းမှာ ညပ်နေတဲ့ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အဓိကအားဖြင့် PDF လို့ခေါ်ဝေါပါတယ်။ ၂၀၂၂ ခုနှစ် ဇွန် ၂၉ ရက်က ဥကရစ်ထစခန်း အနီးကို ဗုံးကျဲ ပြန်လာသော စစ်တပ်ရဲ့ YAK 130 တိုက်လေယာဉ် ၁ စင်း အင်ဂျင်ထဲ ငှက်ဝင်ပြီး သုံးမရသည် အထိပျက်စီး သွားတဲ့သတင်းထွက်ပေါ်အပြီး ဒီဓာတ်ပုံကို ဖြန့်ဝေလာခြင်းဖြစ်ပါတယ်။ “သူပေါ့ PDF ငှက်လေး”လို့ ရေးသားပြီး “Watan Moe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါ အတိုင်းမျှဝေ ထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link […]
Continue Reading