Fact Check: တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့်မင်းအောင်လှိုင် ထုတ်ပြန်ကြေညာတဲ့ သတင်းတု

တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထုတ်ပြန်ကြေညာ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေလျက်ရှိပြီး ပျံ့နှံ့အားကောင်းနေပါတယ်။ သတင်းမှား သာဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၁)ရက်နေ့ အရေးပေါ်သတင်း တနိုင်ငံလုံးစစ်မှုမထမ်းမနေရအမိန့် မင်းအောင်လှိုင်ထုတ်ပြန်ကြေညာ ”စသည် ဖြင့်ရေးသားထားတဲ့ပို့စ်ကို “Share Local Media” အမည်နဲ့ ယူကျု့ချန်နယ်မှာ ဇွန် ၂၁ ရက်က ဖြန့်ဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၇၅၀၀၀ ရှိပါတယ်။ အလားတူစွာ ဆယ်တန်းအောင်တဲ့သူတွေကို စစ်မှုထမ်းဖို့ အမိန့်ထုတ်တယ်ဆိုပြီးတော့လည်း ဒီချန်နယ်က ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းခေါင်းစဉ်မှာ တပ်ထားသလို တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့်  မင်းအောင်လှိုင်ကြေညာဆိုတဲ့ […]

Continue Reading

Fact Check: နေပြည်တော်လေယာဉ်ပျက်ကျမှုမှာ ဒု-တပ်ချုပ်စိုးဝင်းသေဆုံးမှုသတင်းတု

ကြာသပတေးနေ့က နေပြည်တော်အနီး လေယာဉ်ပျက်ကျရာမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပါသွားတယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ကို အောက်ပါစခရင်ရှော့မှာတွေ့နိုင်ပါတယ်။ “15 June 2023, နေပြည်တော်လေယဥ်ပျက်ကျမှု တပ်ချုပ် စိုးဝင်းပါ။”လို့ “News In Burmese”အမည်နဲ့ ယူကျူ့အကောင့်က ရေးသားမျှဝေထားရာမှာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၂ သောင်း ၆ ထောင်ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၂ မိနစ်ကျော်ရှည်လျားတဲ့ ဒီ“News In Burmese”ယူကျူ့ဗွီဒီယိုထဲမှာပါတဲ့ လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ရဟတ်ယာဉ် နေပြည်တော် လယ်ဝေးမှာ ပျက်ကျပြီး ၂ ဦးသေဆုံး”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။  […]

Continue Reading

Fact Check: ဇွန် ၁ ရက်နေ့ ကျောင်းဖွင့်ချိန် ဗုံးပေါက်လို့ ဆရာ၊ဆရာမ ၃၀ ကျော်သေဆုံးတဲ့ သတင်းတု

ဇွန်လ (၁) ရက်နေ့ ကျောင်းဖွင်းချိန် ရန်ကုန်နဲ့ မန္တလေးမှာ ဗုံးပေါက်ကွဲလို့ ဆရာ၊ဆရာမ ၃၀ ကျော်သေဆုံး တယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်ကောင်စီ လက်အောက်ကကျောင်းဖွင့်ချိန်ကို အကြောင်းပြုပြီး လူစိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်လွဲတပ်ပြီး မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို မျှဝေနေခြင်းဖြစ်တယ်။ တကယ်တော့ ဗွီဒီယိုထဲမှာ အခုလို ဗုံးပေါက်ကွဲမှုကြောင့် ဆရာ၊ဆရာမ ၃၀ ဦးသေဆုံးတဲ့ သတင်းမပါဝင်ပါဘူး။ သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး ထို့အပြင် ဗွီဒီယိုပါအကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ဇွန် […]

Continue Reading

Fact Check: အဆိုတော်ဗျူဟာ အဖမ်းခံရပြီးနောက် သေဆုံးမှုသတင်းမှား

လျှပ်စစ်မီးပုံမှန်မရတဲ့အပေါ် စစ်ကောင်စီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်နဲ့ ချိန်ထိုးဝေဖန်ခဲ့တဲ့  အဆိုတော် ဗျူဟာကို စစ်ကောင်စီတပ်က ဖမ်းဆီးအပြီး စစ်ဆေးမေးမြန်မှုအတွင်း သေဆုံးသွားတယ်ဆိုပြီး ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေ ပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။ စစ်တပ်ခေါင်းဆောင်နဲ့ စစ်ကောင်စီ ခန့်လျှပ်စစ်ဝန်ကြီးကို မေလ ၂၃ ရက်မှာ သူ့ဖေ့စ်ဘွတ် စာမျက်နှာကတဆင့် အဆိုတော် ဗျူဟာက ဝေဖန်လို့ဆိုပြီး မေ ၂၄ ရက်မှာ အဖမ်းခံခဲ့ရပါတယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ကို ရိုက်ကူးထားခြးဖြစ်တယ်။ အလားတူ တူညီတဲ့ရေးသားမျှဝေမှုကိုလည်း ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် အဆိုတော် ဗျူဟာ သေဆုံးတဲ့ သတင်းကို သူ့ရဲ့ အိမ်နီးချင်းဆိုသူအမျိုးသမီးရဲ့ ဖေစ့်ဘွတ်အကောင့်က မေလ ၂၆ […]

Continue Reading

Fact Check: PDFတွေလက်နက်နဲ့ပြန်ဝင်လာရင်ကားစီးနဲ့ တိုက်တလုံးပေးမည်လို့ စစ်ကောင်စီဖိတ်ခေါ်တဲ့ သတင်းမှား

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF )‌တွေ လက်နက်နဲ့ အလင်းဝင်ရင် ကားတစီးနဲ့ တိုက်တလုံး ပေးမည်ဆိုပြီး စစ်ကောင်စီကဖိတ်ခေါ်နေတယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ယူကျု့ချန်နယ်မှာ ဖြန့်ဝေထားရာမှာ  ပျံ့နှံ့မှုအား ကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုဖြစ်တယ်။ ဒီပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုရုပ်ကတ်ထဲမှာ “PDFတွေ လက်နက်နဲ့ ပြန်ဝင်လာရင် ကားတစ်စီးနဲ့ တိုက်တစ်လုံး ပေးမည်ဟု စစ်ကောင်စီက အထူးဖိတ်ခေါ် မနိုင်တော့တာ ဝန်ခံလိုက်ပြီ” လို့ စသဖြင့် ရေးသား ထားပါတယ်။ 7days media အမည်နဲ့ ယူကျု့ချန်နယ်က  မျှဝေထားတဲ့ ဗွီဒီယိုကို အောက်ပါတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် –Youtube link  | Archive link အချက်အလက်စိစစ်ချက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF )‌တွေ လက်နက်နဲ့ ပြန်ဝင်လာရင်ကားတစ်စီးနဲ့ တိုက်တစ်လုံး ပေးမည်ဆိုပြီး စစ်ကောင်စီကဖိတ်ခေါ်နေတယ်ဆိုတဲ့သတင်းကို […]

Continue Reading

Fact Check: စစ်တပ်က လူထုကို လက်နက်အပ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့ သတင်းတု

စစ်တပ်အနေနဲ့ ပြည်သူလူထုကို လက်နက်အပ်မယ်လို့ စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်း အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။   “စစ်တပ်အနေနဲ့ ပြည်သူကို လက်နက်အပ်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော အရှုံးပေးဖို့ပြင်နေပြီ” စသည်ဖြင့် ဗွီဒီယိုအစမှာပြသတဲ့ရုပ်ကတ်မှာ ရေးသားထားပါတယ်။ အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ ရေးသားထားတာနဲ့ ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာ တွေဟာ ဆန့်ကျင်ဘက်ဖြစ်နေတာ တွေ့ရပါတယ်။  ဗွီဒီယိုထဲမှာ တရားမဝင် လက်နက်ခဲယမ်း ကိုင်ဆောင်မှုများ လျော့နည်းပ ပျောက်စေရေး၊ လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများ မဖြစ်ပေါ်စေရေးဆိုပြီးတော့ ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်း တွေကို လိုင်စင်လျှောက်ထားဖို့ မေလ ၉ ရက်မှာ စစ်ကောင်စီက […]

Continue Reading

Fact Check: ၃ ရက်အတွင်း အာဏာလွှဲပေးဖို့ အာဆီယံအစည်းအဝေးကဆုံးဖြတ်တဲ့ သတင်းမှား

မြန်မာစစ်တပ်အနေနဲ့ ၃ ရက်အတွင်း အာဏာလွှဲပေးဖို့ အာဆီယံအစည်းအဝေးကဆုံးဖြတ်လိုက်တယ်ဆိုပြီး ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။ မြန်မာအရေးနဲ့ ပတ်သတ်ပြီး လက်ရှိ ကျင်းပနေတဲ့ အာဆီယံအစည်းအဝေးမှာ ဆုံးဖြတ်ချက်တစ်စုံတရာချမှတ်ခြင်းမရှိပါဘူး။  “မနေ့ကလုပ်တဲ့အာဆီယံအစည်းအဝေးဆုံးဖြတ်ချထွက်လာပြီ”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာရေးသားထားပြီး “၃ ရက်အတွင်းအာဏာလွှဲဖို့ မအလကို အာဆီယံအမိန့်ချပြီ”လို့လည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ရေးသား ထားပါတယ်။ အောက်ပါစရင်ရှော့ခ်ကတော့ ဒီလိုဆိုလိုထားတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link | Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အာဆီယံနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို asean.org မှာတွေ့နိုင်ပါတယ်။ တနှစ် ၂ ကြိမ် အာဆီယံနိုင်ငံ တွေအကြား အလှည့်ကျစနစ်နဲ့ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က […]

Continue Reading

Fact Check: မေလလယ်မှာ အကျဉ်းသား ၄၅၀၀ ထပ်လွှတ်မယ်လို့ စစ်ခေါင်းဆောင် ကြေညာဆိုတဲ့ နားလည်မှုလွဲစေနို်ငတဲ့သတင်း

မေ ၁၅ ရက်မှာ အကျဉ်းသား ၄၅၀၀ ထပ်လွှတ်မယ်လို့ စစ်ခေါင်းဆောင် ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ မေ ၃ ရက်က ၅၀၅(က)နဲ့တရားစွဲခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွှတ်ပေးတဲ့သတင်းကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ “မေလ (၁၅) ရက်နေ့မှာ အကျဉ်းသား (၄၅၀၀) ထပ်မံလွှတ်ပေးမယ်တဲ့ဟေ့”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာဖော်ပြထားသလို ဗွီဒီယိုထဲမှာ  “(၄) ရက်နေ့ ဧရာမ လေသံကြီးပါလား မေလ (၁၅) ရက်နေ့မှာ အကျဉ်းသား (၄၅၀၀) ထပ်မံ လွှတ်ပေးမည်ဟု ကြွေးကြော်ပြန်”စသည့်ဖြင့်‌ရေးသားပြီး “Burma Voice Tv”အမည်နဲ့ ယူကျူ့အကောင့်မှာ မေ ၄ ရက်က မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link |  […]

Continue Reading

Fact Check:  တနင်္သာရီမှာ PDF တွေမိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၉၀၀ သေဆုံးတဲ့ ချဲ့ကားထားတဲ့ သတင်းမှား

မတ် ၁၁ ရက်က တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉၀၀ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့ခဲ့တာဟာ သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ တကယ်တော့ မူရင်းက သတင်းဖော်ပြချက် စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး၊ ၂၀ ဦးဒဏ်ရာရသတင်းကို အရေအတွက်ချဲ့ကား ထားခြးဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ပို့စ်မှာ  အောက်ပါအတိုင်းဖြစ်ပါတယ်။  “တနင်္သာရီမှာစစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉၀၀ ဦးသေဆုံး  မတ် ၁၁  တနင်္သာရီမြို့နယ်က စစ်ကောင်စီယာဥ်တန်း မနေ့ကမနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။  မြိတ်မြို့ဘက်ကနေ စစ်ကားကြီးတစ်စီးအပါအဝင် စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကား ၃၀ စီးပါယာဥ်တန်း ပြည်ထောင်စုလမ်းအတိုင်းဆင်းလာချိန် မနက် ၁၀ နာရီလောက်မှာ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာအနီးမှာတိုက်ခိုက်ခံရတာပါ။  တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်က ၉၀၀ ဦးသေဆုံးပြီး ၂၀၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။  မိုင်းဆွဲခံရပြီးနောက်စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့ပေမယ့် pdf […]

Continue Reading

Fact Check: တရုတ်ကကန့်ကွက်လို့ မြန်မာစစ်တပ်ကကျင်းပမယ့်ရွေး‌ကောက်ပွဲ ရွှေ့ဆိုင်းဆိုတဲ့ သတင်းခေါင်းစဉ်တု

တရုတ်ကကန့်ကွက်တာကြောင့် မြန်မာစစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲနောက်ဆုတ်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ရွေးကောက်ပွဲ နောက်ဆုတ်လိုက်ရပြီ” စသည်ဖြင့်ရေးသားပြီး “A Sone Thi”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို Khit Thit Journal အမည်နဲ့ ယူကျူ့ချန်နယ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တရုတ်က ကန့်ကွက်လို့ရွေးကောက်ပွဲ နောက်ဆုတ်လိုက်ရတယ်လို့ ရေးသားဖြန့်ဝေထားတဲ့ ၈ မိနစ်ကျော်ရှည် လျားတဲ့ ဗွီဒီယိုတစ်ခုလုံးမှာ တရုတ်ထိပ်တန်းခေါင်းဆောင်တွေဖြစ် ဝမ်ယိနဲ့ ဝန်ကြီးချုပ် လီခကျန် ဓာတ်ပုံတွေ အသုံးပြုထားတာကလွဲလို့ တရုတ်အကြောင်း၊ ရွေးကောက်ပွဲအကြောင်းတစ်စုံတစ်ရာမပါဝင်ပါဘူး။  ဗွီဒီယိုတစ်ခုလုံးဟာ မီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ […]

Continue Reading