Fact Check: အောင်ဇေယျစစ်ကြောင်းနဲ့ ပတ်သက်တဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုတွေဖြစ်တယ်
အောင်ဇေယျစစ်ကြောင်းကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီ၊ စစ်ကြောင်းလိုက် လက်နက်ချ အလံဖြူထောင်ပြီ၊ တပ်ပြန်ဆုတ်သွားပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းတုတပ်ဗွီဒီယိုတွေဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “တပ်ရင်းလိုက် လက်နက်ချပြီ အောင်ဇေယျစစ်ကြောင်း အလံဖြူထောင်လက်နက်ချအညံ့ခံ ဗိုလ်ချုပ်စိုးဝင်းရဲ့ အောင်ဇေယျ ဇာတ်သိမ်းပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခုလို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေက သတင်းဖော်ပြချက်တွေကို လိုအပ်သလို ကူးယူဖြန့်ဝေပြီး လူတွေ စိတ်ဝင်စားမှု မြင့်စေနိုင်တဲ့ သတင်းခေါင်းစဉ်တုတွေတပ်ကာပြန်လည်ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ဒီလို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိမှုတွေနဲ့ ပတ်သက်ပြီး Fact Crescendo Myammar ရဲ့ […]
Continue Reading