Fact Check: ဒေါက်တာဆာဆာနဲ့ ဦးကျော်မိုးထွန်းကို စစ်ခေါင်းဆောင် နေပြည်တော်မှာ ခေါ်တွေ့တဲ့ သတင်းတု

ဒေါ်လာ ၁၀ သန်းပေးပြီး ဒေါက်တာဆာဆာနဲ့ ဦးကျော်မိုးထွန်းကို စစ်ခေါင်းဆောင် နေပြည်တော်မှာ ခေါ်တွေ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “Dr sasa နဲ့ ဦးကျော်မိုးထွန်း ကို ဒေါ်လာ၁၀သန်း ပေးပြီး နေပြည်တော်မှာ မင်းအောင်လှိုင် ခေါ် တွေ့ လို့ တစ်နိုင်ငံလုံး လန့်ကုန်ပြီ”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ သတင်းဌာနတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုံးဝလုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဒါမှမဟုတ် သတင်းမီဒီယာတချို့က သတင်းတွေကို  […]

Continue Reading

Fact Check:ရန်ကုန် ပြည်လမ်းမှာ စစ်ခေါင်းဆောင် တိုက်ခိုက်ခံရပြီး သေဆုံးတဲ့ သတင်းတု

ရန်ကုန်မှာကျင်းပတဲ့  ရွေးကောက်ပွဲလာကြည့်တဲ့  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုက်ခိုက်ခံရပြီး သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇန်နဝါရီ ၁၂ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၁ ဒဿမ ၈ သိန်းဝန်းကျင် ရရှိထားတယ်။  “ရန်ကုန် ရွေးကောက်ပွဲ လာတဲ့ မင်းအောင်လှိုင် ရန်ကုန်-ပြည်လမ်းမ ပေါ်မှာ အဆုံးသတ် ခံရပြီ”(မူရင်းအရေးအသား) Original link | Archive link အလားတူစွာပဲ စစ်ခေါင်းဆောင် ရန်ကုန် ကြံ့ခိုင်ရေးရုံးချုပ်မှာ လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုပြီးတော့ ဒီချန်နယ်က မျှဝေထားပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ တခြားသော ယူကျူ့ချန်နယ်တခုကလည်း စစ်ခေါင်းဆောင် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ဖြန့်ဝေထားသေးတယ်။ […]

Continue Reading

Fact Check: ဘုရားပေါ်မှာ စစ်ခေါင်းဆောင် ဒရုန်းနဲ့ ဗုံကြဲခံရလို့ သေဆုံးတဲ့ သတင်းတု

တန်ဆောင်မုန်းလပြည့်နေက ဘုရားဖူးနေတဲ့  စစ်ခေါင်းဆောင်နဲ့ ဇနီး ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၎င်းတို့အပါအဝင်  ပြည်သူတွေလည်း သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဗွီဒီယိုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှု‌ပေါင်း ၁ ဒဿမ ၁ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “လပြည်နေ့ ပျော်ပါးနေတဲ့ မအလနဲ့ကြုကြူအပါဝင် ပြည်သူ(၁၀၀)ကျော်ဒရုန်းဗုံးကြဲချခံရလို့သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် “TBR RECAPS”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့  သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိနေတာတွေ့ရတယ်။  အခုလည်း ဗွီဒီယိုထဲမှာ အဓိအားဖြင့် တန်ဆောင်မုန်းလပြည့်နေမှာ နိုင်ငံရဲ့ အေးချမ်းတဲ့ နေရာအနှံ့အပြားမှာ […]

Continue Reading

Fact Check: ရုရှားသွားတဲ့ မြန်မာစစ်‌ခေါင်းဆောင် လေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခံ တဲ့  သတင်းတု 

ရုရှားသွားတဲ့ မြန်မာစစ်‌ခေါင်းဆောင် လေယာဉ် ကြားဖြတ်တိုက်ခိုက်ခံရတယ်ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ အမေရိကန်က စစ်ခေါင်းဆောင်လေယာဉ်ကို ကြားဖြတ်တိုက်ခိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  “မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ် အရေးပေါ် အမေရိကန် ကြားဖြတ်တိုက်ခိုက်လို့ လေယာဉ်ကျည်ထိမှန် မင်းအောင်လှိုင် သေမသေ မသိရသေး” Original link | Archive link နောက်ထပ် ဗွီဒီယိုတခုမှာတော့ စစ်ခေါင်း‌ဆောင် စီးလာတဲ့ လေယာဉ်ကို ကုလသမဂ္ဂက ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ဆိုထားတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကို […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် လက်နက်ကြီးထိမှန်ပြီး အသက်လုနေရဆိုတဲ့ သတင်းတု 

စစ်ခေါင်းဆောင် လက်နက်ကြီးထိမှန်ပြီး အသက်လုနေရတယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှုမှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရရှိထားတယ်။ “မင်းအောင်လှိုင် လက်နက်ကြီး ထိမှန် အသက်လုထွက်ပြေးလာပြီး၊ ဆေးကုသမှုခံယူနေ အသက်အာမခံချက်မရှိဟုဆရာဝန်ပြော” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်နာမည်ကို ဆင်တုယိုးမှား တုပပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေကို အခုလို သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိနေခြင်းဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: အာဇာနည့်နေ့ အခမ်းအနား ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်ခေါင်းဆောင် သေဆုံးတဲ့ သတင်းတု

အာဇာနည့်နေ့ အခမ်းအနား ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်ခေါင်းဆောင် သေဆုံးသွားတယ်ဆိုတဲ့ ဗွီဒီယို “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ လုပ်ကြံရေးသား ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၂ သိန်းကျော်ရရှိထားတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားတာ‌တွေကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေတာနဲ့ လုံးဝလုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။  အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက‌‌ဖော်ပြခဲ့တဲ့  […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ကျည်ထိမှန်ပြီး အရေးပေါ်ခွဲစိပ်မှုခံနေရတယ်ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပစ်ခတ်ခံရပြီး ကျည်ထိမှန်လို အရေးပေါ်ခွဲစိပ်ကုသနေရတယ် ဆိုတဲ့ ဗွီဒီယိုကို “Khit Thit Media ”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “စစ်ခေါင်း‌ဆောင် ပစ်ခတ်ခံရ လုံခြုံရေးတင်းကြပ်သည့်ကြား မင်းအောင်လှိုင် ကျဉ်ထိမှန်၊ အရေးပေါ်ခွဲစိပ်မှုခံနေရ” Original link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ ချန်နယ်တခု ဖြစ်တာတွေ့ရပါတယ်။ ဒီအပြင် ဒီချန်နယ်ဟာ မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေ ဒါမှမဟုတ် လုပ်ကြံရေးသားဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ဒရုန်းထိမှန်ပြီး  အသက်ရှင်ဖို့ ရာနှုန်းနည်းကြောင်း MRTV ကြေညာတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဒရုန်းထိမှန်ပြီး  အသက်ရှင်ဖို့ ရာနှုန်းနည်းကြောင်း MRTV ကြေညာသွားတယ်ဆိုပြီး ဗွီဒီယိုတခု “Local Celegram ”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်းအောင်လှိုင် ဒရုန်း နဲ့ ထိပြီ အသက်ရှင်ဖို့%နည်းဟု MRTV ကြေငြာပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေ ဒါမှမဟုတ် လုပ်ကြံရေးသားဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာ တွေ့နိုင်တယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။    အခုလည်း […]

Continue Reading

Fact Check: UN က စစ်တပ် ၆ သိန်းကျော် လွှတ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ၂၄ နာရီအတွင်းဖမ်းမယ်ဆိုတဲ့ သတင်းတု 

UN က စစ်တပ် ၆ သိန်းကျော် လွှတ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ၂၄ နာရီအတွင်းဖမ်းမယ်လို့ ကြေညာတယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဧပြီ ၂၂ ရက်က ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဧပြီ(၂၂)နေ့အထူးဝမ်းသာစရာသတင်း ဖမ်းဝရမ်း ထုတ်ပြီ ၂၄ နာရီအတွင်းဖမ်းမည်ဟုကြေငြာ UNစစ်တပ်(၆)သိန်းကျော် လွတ်လိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khi thit channel”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ […]

Continue Reading

Fact Check: မြန်မာစစ်ခေါင်းဆောင် ထိုင်းမှာ ပစ်ခတ်ခံရဆိုတဲ့ သတင်းမှား

အာဆီယံဥက္ကဌနဲ့ တွေ့ဆုံဖို့အတွက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်စဉ်မှာ ပစ်ခတ်ခံရတယ်လို့ရေးသားဖြန့်ဝေထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြစ်တယ်။   “ထိုင်းမှာ ပွတ်လောရိုက်နေပြီ စစ်ခေါင်းဆောင် ပစ်ခတ်ခံရ အာဆီယံ ဥက္ကဌ နဲ့တွေ့ဆုံရန် ထိုင်းကိုလာတဲ့ တပ်ချုပ် လုံခြုံရေး တင်းကြပ်တဲ့ ကြားကနေ ပစ်ခတ်ခံရ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး ဖြစ်တဲ့သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည် ဖြန့်ဝေတဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။   အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ […]

Continue Reading