Fact Check: စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ကိုယ့်ကိုကိုယ် သတ်သေတဲ့ သတင်းတု 

လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့ရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းယူသွားလို့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ ကိုယ့်ကိုကိုယ် သတ်သေသွားတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်းအောင်လှိုင်က ပိုင်ဆိုင်မှု အကုန်သိမ်းသွားလို့ ဗိုလ်ချုပ်သန်းရွှေ မိမိကိုယ်ကိုယ် သေနတ်ပစ် သတ်သေသွားလို့ လန့်ကုန်ပြီ” Original link | Archive link  အလားတူပဲ ဒီချန်နယ်က ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသေဆုံးမှု ဗိုလ်ချုပ်‌‌ဇော်မင်းထွန်း ကြေညာခဲ့တယ်ဆိုပြီးတော့ ဖြန့်ချိထားတာတွေ့ရတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  မကြာခဏဆိုသလို […]

Continue Reading